DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကြားနေအဖွဲ့ထားရှိရေး ယူအန်အက်ဖ်စီ ဆွေးနွေးမည်
DVB
·
July 10, 2013
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကြားနေအဖွဲ့ထားရှိရေး ယူအန်အက်ဖ်စီ ဆွေးနွေးမည်
Donate to DVB

အစိုးရ ငြိမ်းချမ်ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တွေ့ဆုံတဲ့အခါ  ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကြားနေအဖွဲ့ထားရှိရေး ကိစ္စတွေကို ထည့်သွင်းဆွေးနွေးသွားမယ်လို့  ပြောပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (ယူအန်အက်ဖ်စီ) ရဲ့ အလုပ်အဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်ရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီရဲ့ အလုပ်အဖွဲ့တို့ လာမယ့် ၁၃ ရက်နေ့ကျရင်  ထိုင်းနိုင်ငံမှာ တွေ့ဆုံဖို့ရှိပါတယ်။

[caption id="attachment_38257" align="alignright" width="300" caption="ချင်းမိုင်မြို့တွင် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ယူအန်အက်ဖ်စီတို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ပထမအကြိမ် တွေ့ဆုံခဲ့စဉ်"][/caption]

ဒီတွေ့ဆုံပွဲမှာ နှစ်ဘက်အကြား နိုင်ငံရေးဆွေးနွေးပွဲ အစပျိုးနိုင်ရေးအတွက် အကြိုညှိနှိုင်းဖို့ အပြင် ကြားဝင်ဖြန်ဖြေညှိနှိုင်းရေးအဖွဲ့ ပါဝင်လာရေးကိစ္စတွေကို ဆွေးနွေးမယ်လို့  ယူအန်အက်ဖ်စီရဲ့ အလုပ်အဖွဲ့ခေါင်းဆောင် ပဒိုမန်းမန်းက ပြောပါတယ်။

“နိုင်ငံရေး ဆွေးနွေးဖို့ မူဘောင် ညှိနှိုင်းဖို့ ကိစ္စကို ကျနော်တို့ ပြောဆိုသွားမယ်။ နောက်တခါ ကျနော်တို့ နှစ်ဦးနှစ်ဘက် သင့်တော်မယ့်နေရာ။ တတိယကတော့ ကြားနေပြီးတော့မှ ပါဝင် ညှိနှိုင်းဆောင်ရွက်ပေးမယ့် ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေရော ပါပြီးတော့ ကျနော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဥပမာ ကျနော်တို့ဘက်ကနေ စဉ်းစားတာကတော့ ကုလသမဂ္ဂတို့၊ ယူအက်စ်နဲ့ ယူကေတို့လိုမျိုး၊ တရုတ်လိုမျိုး၊ ထိုင်းလိုမျိုး ဘယ်လိုအခန်းကဏ္ဍကနေ ဘယ်လိုပါဝင်နိုင်မလဲဆိုတာက အစ ကျနော်တို့ အဲဒါတွေကိုတော့ စဉ်းစားထားပါတယ်။ အဲဒါမှသာလျှင် ကျနော်တို့ တစုံတရာ နောက်ပြန်မဆုတ်ဘဲနဲ့ ရှေ့ကို တိုးနိုင်မယ်၊ ကြားခံ အဖွဲ့အစည်းတွေကလည်းပဲ ကျနော်တို့ကို ပိုမိုပြီးတော့ အထောက်အကူပြုနိုင်မယ်ဆိုတဲ့ဟာမျိုးကို ကျနော်တို့ ဖြစ်စေချင်တယ်။"

အစိုးရ ငြိမ်းချမ်ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီရဲ့ အလုပ်အဖွဲ့ခေါင်းဆောင် ဦးလှမောင်ရွှေကတော့ သူတို့ဘက်က အဆိုပြုဆွေးနွေးဖို့တော့ မရှိဘူးလို့ ပြောပါတယ်။“

"နံပါတ် ၁ ကတော့ အဆုံးအဖြတ်ပေးတဲ့ အဖွဲ့လည်း မဟုတ်ပါဘူး။ နောက် ပြီးတော့ အဲဒီ အစည်းအဝေးတွေ အရင်တုန်းက ဒီကျနော်တို့ ဆုံးဖြတ်ထားတဲ့ဟာတွေမှာ အထောက်အကူပြုဖို့၊ လာမယ့် အစည်းအဝေးတွေ ပြင်ဆင်ဖို့ အဓိကပါပဲ။ ကျန်တဲ့ဟာတော့ တဖက် အဖွဲ့အစည်း ဆွေးနွေးတဲ့အပေါ်မှာတော့ ကျနော်တို့ သက်ဆိုင်တဲ့ လူကြီးတွေကို ပြန်ပြီး တင်ပြဖို့ပါပဲ။"

နှစ်ဖက်အလုပ်အဖွဲ့ဟာ လာမယ့် ၁၃ ရက်နေ့ ချင်းမိုင်မြို့မှာ တွေ့ဆုံကြဖို့ရှိပြီး တစ်ဖက်ကို ကိုယ်စားလှယ် ၇ ဦးစီ တက်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ြ

ပြည်ထြောင်စုငြိမ်းချမ်ရေးဖော်ဆောင်ရေးအလုပ်အဖွဲ့ဟာ ဒီလ ၁၂ ရက်နေ့ကျရင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည် တောင်ပိုင်းတပ်မတော်အဖွဲ့နဲ့ တွေ့ဆုံမှာဖြစ်သလို  ၁၄ ရက်မှာတော့  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ဆိုပါတယ်။

ယူအန်အက်ဖ်စီနဲ့ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ဖေဖော်ဝါရီလအတွင်း  ချင်းမိုင်မြို့မှာ  ပထမအကြိမ် တရားဝင် အကြို ညှိနှိုင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013