
မနေ့ညက ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၂၉၄ ယောက်အထဲမှာ ၁,၀၄၂ ယောက်ကတော့ ရန်ကုန်တိုင်းက ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ညနေ ၄ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။
ခုတွေ့ရှိရတဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေထဲမှာ ရန်ကုန်တိုင်းမြို့နယ်တွေထဲက ပန်းဘဲတန်းမြို့နယ်မှာ ၁၁၅ ယောက်၊ စမ်းချောင်းမြို့နယ်မှာ ၁၀၁ ယောက်နဲ့ လှိုင်သာ ယာမြို့နယ်မှာ ၉၇ ယောက်နဲ့ အများဆုံးပါဝင်နေပြီး စုစုပေါင်း မြို့နယ် ၃၈ မြို့နယ် ပါဝင် နေတာ ဖြစ်ပါတယ်။
ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်း မြို့နယ် ၁၂ ခုမှာ ၄၂ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၆ ခုမှာ ၁၁၂ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၄ ခုမှာ ၅ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၄ ခုမှာ ၁၁ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၅ ခုမှာ ၂၂ ယောက်၊ မကွေးတိုင်းမြို့နယ် ၈ ခုမှာ ၁၆ ယောက်၊ နေပြည်တော်မြို့နယ် ၃ ခုမှာ ၇ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၄ ခုမှာ ၁၄ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၄ ခုမှာ အယောက် ၂၀၊ ကရင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၃ ယောက် အသီးသီး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၄ ရက်ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၇၇၉၄ ယောက် ၊ သေဆုံးသူ ၄၁၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၁၉၅ ယောက် ရှိပြီဖြစ်ပါတယ်။










