DVB Logo
Home
မြန်မာသတင်း
ဗကသ ကျောင်းသား ၂  ဦးကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မဖြင့် ရုံးထုတ်စစ်ဆေး
DVB
·
October 5, 2020
ဗကသ ကျောင်းသား ၂  ဦးကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မဖြင့် ရုံးထုတ်စစ်ဆေး
1 / 8
Donate to DVB

ရခိုင်ပြည်နယ်အရေး တောင်းဆိုဆန္ဒပြလို့ ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်းသား ၂ ဦးကို နိုင်ငံတော်အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅  (က)၊ (ခ) တို့နဲ့  မန္တလေးတိုင်း အမရပူရ တရားရုံးမှာ ဒီနေ့ အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းက ရုံးထုတ် စစ်ဆေးပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့က ရတနာပုံ တက္ကသိုလ် ကျောင်းရှေ့မှာ တပ်မတော် အလင်းဝင်ပါ၊ ပြည်တွင်းစစ်ချက်ချင်းရပ် အစရှိတဲ့ စာသားတွေနဲ့ စတစ်ကာ ကန်ပိန်း ပြုလုပ်ခဲ့လို့ ဗကသ ကျောင်းသား ကိုစိုးလှနိုင်၊ ကိုကျော်သီဟရဲကျော်နဲ့ ကိုဘုန်းမြင့်ကျော်တို့ကို ရဲမှူးကျော်ကျော်နိုင်က တရားလို ပြုလုပ်ကာ တရားစွဲဆိုထားတာပါ။

တစ်နိုင်ငံလုံးမှာ ရခိုင်အရေးတောင်းဆို ဆန္ဒပြလို့ ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၅  ဦး ရှိနေပြီး ဝရမ်းထုတ်ခံထားရလို့ ထွက်ပြေး တိမ်းရှောင်နေသူ အယောက်  ၃၀ လောက်ရှိပါတယ်။

ရခိုင်အရေး ဆန္ဒပြတဲ့ကျောင်းသားတွေ မတရား ဖမ်းဆီး ထိန်းသိမ်းခံနေရတာကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ကျောင်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ အရပ်ဘက် အဖွဲ့အစည်း ၇၇ ဖွဲ့က  ကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။

Photo - Kaung Zaw Hein / MPA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013