DVB Logo
Home
မြန်မာသတင်း
တပ်သိမ်းလယ် ပြန်ပေးမည့်ကိစ္စ အထက်နှင့်အောက်ခြေ တလွဲဖြစ်နေ
DVB
·
July 10, 2013
တပ်သိမ်းလယ် ပြန်ပေးမည့်ကိစ္စ အထက်နှင့်အောက်ခြေ တလွဲဖြစ်နေ
Donate to DVB

နိုင်ငံတ၀န်းရှိ စစ်တပ်က သိမ်းထားတဲ့ လယ်တွေကို ပြန်ပေးမယ်လို့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေက ပြောနေပေမယ့် အောက်ခြေမှာ လုပ်နေတာတွေကတော့ တလွဲတွေဖြစ်နေတယ်လို့ လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့လထဲ တပ်မတော်စစ်ထောက်ချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့ လွှတ်တော်ကော်မရှင်ရုံး ကို လာပြီး စစ်တပ်က သိမ်းထားတဲ့ လယ်တွေကို စာရင်းဇယားနဲ့ ပြန်ပေးမယ်လို့ ပြောထားခဲ့ပေမယ့် အခု အောက်ခြေမှာ လုပ်နေတာတွေကတော့ တခြားစီဖြစ်နေတယ်လို့ ကော်မရှင်အဖွဲ့ဝင်၊ မကွေးတိုင်းအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။

[caption id="attachment_41464" align="alignright" width="300" caption="ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းအတွင်းက လယ်သိမ်းခံရသူများ မြို့တော်ခန်းမရှေ့မှာ မနေ့က ဆန္ဒပြနေကြစဉ်"][/caption]

“ကျနော်တို့ဘက်မှာ တောင်ဘက် မြောက်ဘက်မှာဆိုလည်း သိမ်းထားတဲ့ မြေတွေရှိတယ်။  မုံရွာ နမခက သိမ်းတာပေါ့နော်။ မုံရွာနဲ့လည်း အဝေးကြီး၊ ခလရ ၅၀ နဲ့လည်း အဝေးကြီးပဲ။ အဲဒါတွေကို မနေ့က လောစပီကာနဲ့ အော်ပြီးတော့ တချို့ အကျိုးတူဖက်စပ်လုပ်မယ့် လူတွေလာပါ ဆိုပြီးတော့ ဖိတ်ခေါ်တယ်လို့ ပြောတယ်။ အမှန်ကတော့ သူတို့ စွန့်လွှတ်ပြီးဆိုရင် သူတို့ အကျိုးတူဖက်စပ် လုပ်စရာ အကြောင်းမရှိတော့ဘူးလေ။ အဲဒီ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့၊ စစ်ထောက်ချုပ်တို့ ကာကွယ်ရေး ၀န်ကြီးတို့ ပြောတာနဲ့ အောက်ခြေမှာ မနေ့က ဖြစ်တာနဲ့ တခြားစီပဲ။”

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်ကပဲ လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွဋ်က ကော်မရှင်က ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာအပေါ် သက်ဆိုင်ရာက မြန်မြန် အရေးတယူဆောင်ရွက်ပေးဖို့ အဆိုတင်သွင်းခဲ့ပါတယ်။

အဲ့ဒီမှာ စစ်တပ်နဲ့ ဌာနဆိုင်ရာတွေကသိမ်းထားတဲ့ လယ်မြေတွေကို လယ်သမားတွေထံ  မြန်မြန်ပြန်ပေးဖို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။

သိမ်းထားတဲ့လယ်တွေ ပြန်ပေးဖို့ နှောင့်နှေးနေတာနဲ့ ပတ်သက်လို့ ဇူလိုင် ၁၁ ရက်မှာ ပြုလုပ်ဖို့ရှိတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြဖို့ရှိကြောင်း လယ်မြေစုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“ကော်မရှင်က တင်ထားတဲ့ အစီရင်ခံစာ အပိုင် ၁ နဲ့ အပိုင်း ၂ ကို ပြည်ထောင်စုအစိုးရအဖွဲ့က အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ ဆိုတဲ့ တင်ပြတဲ့ အဆိုကို ကျနော်တို့က ထောက်ခံ ဆွေးနွေးပြီးတော့ အတည်ပြုလွှာပါ ပထမ ပေးထားတာတွေရှိတယ်။ ဒါပေမယ့် အကောင်အထည်ဖော်တာ နောက်ကျတယ်၊ နောက်နှေးတယ်။ အဲဒီအပေါ်မှာ ပြဿနာတွေ ဖြစ်လာတယ်။ လယ်သမားတွေက ဆန္ဒထုတ်ဖော်တာတွေ လုပ်လာတယ်။ တွန်တုံးတိုက်ပွဲတွေ လုပ်လာတယ်။  အာဏာပိုင်နဲ့ လယ်သမားတွေ ထိပ်တိုက်တွေ့လာတယ်။ အချုပ်ထဲ ရောက်တယ်။ တရားရုံးရောက် သွေးထွက်သံယိုမှုတွေ စတာတွေ ဖြစ်လာတယ်။ အဲဒီလို ပြဿနာ ပေါင်းစုံ ၀င်လာတဲ့ အပေါ်မှာ ပြည်သူတွေက မကျေနပ်မှုတွေ ပိုပြီးတော့ ဖြစ်လာတယ်။ အဲဒါကြောင့် ဒါကို အမြန်ဆုံး အကောင်အထည်ဖော်ပေးပါ ဆိုပြီးတော့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ၀ိုင်းဝန်ဆွေးနွေးပြီးတော့ ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုပေးမှာပါ။ အဲဒီအခါ သက်ဆိုင်ရာ ၀န်ကြီးတွေက လာပြီး ဖြေပါလိမ့်မယ်။ အဲဒီအချိန်အခါကျမှ ဘယ်လိုလုပ်ထားတယ်ဆိုတာကို အတိအကျ သိမှာ ဖြစ်ပါတယ်။”

နိုင်ငံတ၀န်း စစ်တပ်က သိမ်းထားတဲ့ လယ်မြေဧကပေါင်း ၂ သိန်းခွဲလောက် ရှိတယ်လို့လည်း ပြောပါတယ်။

လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် အဖွဲ့ဟာ အဖွဲ့ ၉ ဖွဲ့ခွဲပြီး နိုင်ငံတ၀ှမ်း စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013