
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ခိုမုန်းရွာ စစ်ဆေးရေးဂိတ်မှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို Test kits နဲ့ အောက်တိုဘာ ၄ ရက်က စစ်ဆေးရာ တွဲကားစပါယ်ယာ တစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တယ်လို့ ကျောက်မဲ ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက စေတနာ့ဝန်ထမ်း တစ်ဦး က ပြောပါတယ်။
ပိုးတွေ့ရှိသူဟာ အသက် ၂၀ အရွယ် အမျိုးသားတဦးဖြစ်ပြီး မိတ္ထီလာမြို့မှ လာရောက်ကြတာ ဖြစ်ပါတယ်။
သူနဲ့အတူတွဲကားမောင်းနှင်လာတဲ့ ဒရိုင်ဘာမှာတော့ ပိုးမတွေ့ရှိပဲ အ.ထ. က ၂ မှာ သီးသန့်ခွဲထားပါတယ်။ ပိုးတွေ့ရှိသူဟာ လက်ရှိ ကျန်းမာရေး ကောင်းမွန်နေပြီး ကျောက်မဲဆေးရုံမှာ ပို့ဆောင်ထားတယ်လို့သိရပါတယ်။
ကျောက်မဲမြို့နယ်မှာ စက်တင်ဘာ ၃ ရက်ကစပြီး ကိုဗစ်-၁၉ ရောဂါ ရှိမရှိ Test kits တွေနဲ့ စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၄ နေ့အထိ ၉၁ ယောက် စစ်ဆေးပေးခဲ့ပြီးပြီလို့ ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သတင်း - နန်းစပယ်










