DVB Logo
Home
မြန်မာသတင်း
ဒုက္ခသည်စာရင်းကောက်ယူမှု မအောင်မြင်၊ ရိက္ခာဝေငှရေး အခက်အခဲဖြစ်
DVB
·
July 10, 2013
ဒုက္ခသည်စာရင်းကောက်ယူမှု မအောင်မြင်၊ ရိက္ခာဝေငှရေး အခက်အခဲဖြစ်
Donate to DVB

ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်တွေကို ရိက္ခာဝေငှဖို့အတွက် စာရင်းအတိအကျ လိုအပ်နေတာကြောင့် အခက်ခဲဖြစ်နေတယ်လို့ ရခိုင်ပြည်နယ်အစိုးရက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီလူဦးရေစာရင်းကောက်ယူမှုကို ရပ်နားထားလို့ စာရင်းအတိအကျ မရှိတဲ့အတွက် ဒုက္ခသည်တွေကို ရိက္ခာအကူအညီပေးရာမှာ  အခက်ခဲတွေ ရှိနေတယ်လို့ ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြောပါတယ်။

ရိက္ခာတွေနဲ့ပတ်သက်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က စာရင်းရှိ ဦးရေကိုပဲ ရိက္ခာထုတ်ပေးပြီး ပြည်နယ်အစိုးရကတော့  နှစ်ဘက်စလုံးကို ရိက္ခာဝေငှနေတယ်လို့ ဆိုပါတယ်။ စစာရင်းအတိအကျမရတဲ့အတွက် ဝေငှရေးမှာ အခက်အခဲရှိတယ်လို့ ပြောပါတယ်၊

[caption id="attachment_41456" align="alignright" width="300" caption="ဒုက္ခသည်များ"][/caption]

“ကျနော်တို့က စာရင်းကို ကောက်တဲ့ အခါကျတော့ အကောက်မခံဘူး။ အကောက်မခံတော့ ကျနော်တို့က လူဦးရေး ဘယ်လောက်ရှိမှန်း မသိတဲ့ အခါကျတော့ စခန်းတာဝန်ခံတွေ လိုရင် လိုအပ်သလို ၀န်ကြီးချုပ်ကတော့ အကုန်လုံး ထုတ်ပေးနေတာပဲ။ ရိုဟင်ဂျာဖြစ်မှု၊ ဘဂါင်္လီဖြစ်မှု စာရင်းကောက်နေတာ မဟုတ်ပါဘူးလို့ ကျနော်က ပြောပြီးသား။ ရိက္ခာဝေဖို့ ကိစ္စ၊ တဲတွေ လုံလောက်အောင် ဆောက်ပေးဖို့အတွက် ကျနော်တို့က စားရင်းကောက်တာပါ။ သူတို့က ပြောတယ်။ ၁၀ ယောက်ရှိတဲ့အတွက် ကျနော်တို့က ၁၀ ယောက်အတွက်ပေး၊ ၅ ယောက်ရှိတဲ့အတွက် ၅ ယောက်အတွက် ပေး၊ ၁၅ ယောက်ရှိတဲ့လူကလည်း ပြော၊ တရက်နဲ့ တရက် မညီတဲ့ အခါကျတော့ ကျနော်တို့ ဝေဖို့ကျတော့ အခက်အခဲရှိတာပေါ့။”

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် အမိုးအကာရရှိရေးကို မိုးမကျခင်ကတည်းက ဆောင်ရွက်ထားတဲ့အတွက် အခက်အခဲမရှိပါဘူးလို့ သူက ပြောပါတယ်။

လွန်ခဲ့တဲ့လပိုင်းက ပြည်ထောင်စုအစိုးရအစီအစဉ်နဲ့ ဘင်္ဂါလီလူဦးရေ စာရင်းကောက်ယူတဲ့ စီမံချက်ဟာ သက်ကယ်ပြင်ကျေးရွာမှာ မွတ်စလင်အမျိုးသမီးတဦးကို ရိုဟင်ဂျာလို့ အမည်စာရင်းထည့်ခိုင်းရာက ပြဿနာဖြစ်ခဲ့ပြီး စာရင်းကောက်တဲ့အဖွဲ့က လူတချို့ ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအတွက် မွတ်စလင်ဒုက္ခသည်စခန်းက (၇) ဦး တရားစွဲဆို စစ်ဆေးခံနေရပါတယ်။

ဒီစာရင်းမပေးတာနဲ့ ပတ်သက်လို့ ကျောက်တော်မြို့နယ် ဒုက္ခသည်စခန်းက မွတ်စလင်ဒုက္ခသည်တဦးက “ကျနော်တို့ဆီမှာ တခေါက်တော့ ရောက်လာပါတယ်။ ဒီမှာ ဘင်္ဂါလီဆိုတဲ့ဟာ မရှိသေးပါဘူးဆိုပြီးတော့ ကျနော်တို့ ဖြေလိုက်ပါတယ်” လို့ ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ မနေ့က ရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး ဒုတိယ၀န်ကြီး ဦးကျော်ကျော်ဝင်းက ရခိုင်ပြည်နယ်မှာ ရပ်နားထားတဲ့ ဆွဲတင်စစ်ပရိုဂရမ်ကို ဆက်လက်အကောင်အထည်ဖော်မှာဖြစ်ပြီး အဲဒီအဆင့်ပြီးမြောက်တဲ့အခါ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့ ကိုက်ညီမှုရှိမရှိ စစ်ဆေးမယ်လို့ ရှင်းလင်းသွားပါတယ်။ ဒီတကြိမ် စာရင်းကောက်တဲ့အခါ ကုလသမဂ္ဂ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ စည်းရုံးဆောင်ရွက်မယ်လို့ ဆိုပါတယ်။
အကြမ်းဖက်မီးရှို့မှု ဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း မိတ္ထီလာခရိုင်က မွတ်စလင်ဒုက္ခသည်တချို့ ကတော့ စခန်းတွေမှာ ဆက်လက်ခိုလှုံနေကြဆဲဖြစ်ပြီး အေးချမ်းသာ ရပ်ကွက်နဲ့ သီရိမင်္ဂလာရပ်ကွက်မှာလည်း နေရာချရေးအတွက် အဆောက်အဦတွေ ဆောက်လုပ်ဖို့ ပြင်ဆင်နေပါတယ်။
ရခိုင်ပြည်နယ်မှာ မနှစ်ဇွန်လက စတင်တဲ့အကြမ်းဖက်မှုကြောင့် ရခိုင်နဲ့ မွတ်စလင် စုစုပေါင်း ၁ သိန်းကျော် ရှောင်တိန်းခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013