DVB Logo
Home
မြန်မာသတင်း
လူစုလူဝေးမဖြစ်စေရေး မဲရုံများ ပိုတိုးရန် ဆရာ၊ ဆရာမများ အကြံပြု
DVB
·
October 4, 2020
လူစုလူဝေးမဖြစ်စေရေး မဲရုံများ ပိုတိုးရန် ဆရာ၊ ဆရာမများ အကြံပြု
Donate to DVB

ကိုဗစ်ကာလ နိုဝင်ဘာ ၈ ရက် ကျင်းပမယ့်ရွေးကောက်ပွဲမှာ လူစုလူဝေးမဖြစ်စေဖို့ လူဦးရေ နည်းနည်းနဲ့ မဲရုံတွေကို အရင်ထက် ပိုတိုးဖို့ မဲရုံတာဝန်ကျ ဆရာ၊ ဆရာမတွေက အကြံပြု တိုက်တွန်းလိုက်ပါတယ်။

မဲဆန္ဒရှင်တွေ လူစုလူဝေးမဖြစ်အောင် မဲလာပေးရမယ့်အချိန်ကို ရပ်ကွက်၊ ကျေးရွာအလိုက် အလှည့်ကျ စီစဉ်ပြီး စည်းကမ်းတကျနဲ့ မဲရုံတွေကို ပိုတိုးသင့်တယ်လို့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲရုံမှူး လုပ်ဖူးတဲ့ ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့၊ အ.ထ.က (၁) အထက်တန်းပြဆရာမတစ်ဦးက ပြောပါတယ်။

"လူသိပ်များနေရင် အဓိက မဲရုံမှာ ပြဿနာအကြီးကြီး ဖြစ်နိုင်တယ်။ ပူးကပ်ပြီး မြန်မြန် ထည့်တာတောင် မမီမှာ စိုးရိမ်ရတယ်။ ခုနေ  ၆ ပေ ခြားရမယ်ဆို လူဦးရေနည်း မဲရုံ များများရှိမှ အချိန်မီ နိုင်မယ် ထင်တယ်။" 

မင်းလှမြို့နယ် အထက(ခွဲ)ကညင်ပင်ရဲ့ ကျောင်းအုပ်ဆရာမ ဒေါ်ထူးထူးအောင်က‌‌ "၂၀၁၅ တုန်းက ‌မိုးချုပ်အောင်ထိ မဲရုံမှာနေရတယ်။ ခုနှစ်တော့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ စည်ကမ်းအတိုင်း နေရရင် မနေနိုင်မှာ စိတ်ပူတယ်။ ဒီရောဂါကြီးက  နောက် ၂ ပတ်၊ ၃ ပတ်လောက်လည်း ဒီတိုင်းပဲ ဆက်သွားနေမယ်ဆိုရင်တော့  တာဝန်ရှိတဲ့သူတွေမှာ ဘယ်လို ဆောင်ရွက်မယ်ဆိုတဲ့ အစီအစဉ်ရှိမှာပါလို့ ယုံကြည်ထားတယ်" လို့ ပြောပါတယ်။

မဲပေးမယ့်သူတွေကလည်း မိမိမဲစာရင်း အမှတ်ကို သေချာသိထားရင် မဲစာရင်းရှာတဲ့အခါ အချိန်ကြန့်ကြာမှု လျော့နည်းစေမယ်လို့လည်း  ဆရာ၊ဆရာမတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၊ မုံးပေါ်ဒေသ၊ နန့်ချက်မူလွန်ကျောင်းက ဆရာ ဦးဘရန်ဆိုင်းကတော့ "ရောဂါနဲ့ပတ်သက်ရင်တော့ ကျနော်တို့ ကြိုတင်ကာကွယ်လို့ရတယ်။ ကျန်းမာရေးလမ်းညွှန်အတိုင်း Social Distancing နှင့် စနစ်တကျ ဆိုရင် အဆင်ပြေပါတယ်။ မဖြစ်မနေဆိုရင် PPE ဝတ်စုံရှိတယ်" လို့ ပြောပါတယ်။

အထွေထွေရွေးကောက်ပွဲမှာ ကိုဗစ်ကာကွယ်ထိန်းချုပ်‌ရေးနဲ့အညီ ဆောင်ရွက်ရမယ့် စံလုပ်ငန်းလမ်းညွှန်ချက်‌တွေ ထုတ်ပြန်ထားပြီး မဲရုံမှာ တာဝန်ကျမယ့် ဆရာ၊ ဆရာမတွေကိုတော့ အကြောင်းကြားတာ မရှိသေးပါဘူး။

လွင်မိုးအောင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013