DVB Logo
Home
သတင်းတို
လိမ်လည်ဆေးကုသည့် တရုတ်ဆေးခန်းများကို သတိထားရန် ကျန်းမာရေးဝန်ကြီးပြော
DVB
·
July 10, 2013
လိမ်လည်ဆေးကုသည့် တရုတ်ဆေးခန်းများကို သတိထားရန် ကျန်းမာရေးဝန်ကြီးပြော
Donate to DVB

ရန်ကုန်တိုင်းအတွင်းမှာ တရုတ်ဆေးဆရာတွေက ကုသနေတဲ့ တရားမ၀င် ဆေးကုခန်းတွေကို ပိတ်သိမ်းဖို့ သက်ဆိုင်ရာက ညွှန်ကြားပြီးဖြစ်ပေမယ့် ဆိုင်းဘုတ်ဖြုတ်ပြီး ဆက်ကုနေတာကြောင့် ပြည်သူတွေ သတိထားဖို့လိုကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က သတိပေးပြောဆိုပါတယ်။

[caption id="attachment_41452" align="alignleft" width="300" caption="ဒေါက်တာ ဖေသက်ခင်"][/caption]

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မမှန်မကန် လုပ်နေတဲ့ ဆေးခန်းတွေကို ဘယ်လို အရေးယူဆောင်ဖို့ရှိသလဲဆိုပြီး ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ နေလင်းက မေးတာကို ပြည်ထောင်စုဝန်ကြီးက ခုလိုဖြေကြားခဲ့တာပါ။

ဝန်ကြီးက အဲဒီ ဆေးခန်းတွေဟာ ဘယ်သူ့ဆီကမှ ကုသခွင့်လိုင်စင်မရဘဲ မမှန်မကန် လုပ်ဆောင်နေတာတွေကြောင့် ပိတ်သိမ်း အရေးယူပေးဖို့ သက်ဆိုင်ရာအာဏာပိုင်တွေကို အကြောင်းကြားခဲ့ပေမယ့် အရေးယူဆောင်ရွက်မှု အားနည်းတာကြောင့် ခုလို မှောင်ခို ဖွင့်လှစ်ကုသမှုတွေ ဆက်ပြီးလုပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အနောက်တိုင်းဆေးတက္ကသိုလ်တွေက ဘွဲ့ရသူလည်းမဟုတ်၊ တိုင်းရင်းဆေး ကုသခွင့် ရထားသူလည်း မဟုတ်သူတွေ အတော်များများ ၀င်ရောက်နေပြီး ဆေးကုသမှုတွေ လုပ်နေလို့ သတိထားဖို့ သင့်တယ်ဆိုပြီး ၀န်ကြီး ဒေါက်တာဖေသက်ခင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013