DVB Logo
Home
မြန်မာသတင်း
ဖခင်၏ “ထွေးညို” သီချင်းကို ရွှေရည်သိန်းတန် ပြန်လည်သီဆို (ရုပ်သံ)
DVB
·
October 3, 2020
ဖခင်၏ “ထွေးညို” သီချင်းကို ရွှေရည်သိန်းတန် ပြန်လည်သီဆို (ရုပ်သံ)
Donate to DVB

“ပန်းစံပယ်… သြော် နန်းအလယ်မပေါ်ခိုက်ဟာမို့… အလိုက်တော်တန်သင့်ရုံပ… ခံပွင့်ကို ကုံးရတယ်… ထွေးညိုလေးရယ်… အဆွေးဆိုတာ ဖျောက်ဖျက်ပစ်ရမယ်”

ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက တချိန်က နာမည်ကြီး တေးသံရှင် တွံတေးသိန်းတန်ရဲ့ သီချင်းတပုဒ်ထဲက တေးသွားစာသားတွေမှန်း ရင်းနှီးကြပြီး ဖြစ်မှာပါ။

“ထွေးညို” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးသံရှင် တွံတေးသိန်းတန်က ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုခဲ့တာဖြစ်ပြီး ခုတခါမှာတော့ သူ့ရဲ့ မျိုးဆက်ရင်သွေး သမီးဖြစ်သူ ရွှေရည်သိန်းတန်က မြန်မာ့ရုပ်ရှင်ရာပြည့် ဖျော်ဖြေပွဲမှာ ပြန်လည်သီဆိုထားခဲ့တာ ဖြစ်ပါတယ်။

“မျှော်လင့်ရည်မှန်းထားတဲ့… ပန်းတိုင်အသွယ်သွယ်… ရလာတဲ့ တနေ့ဝယ်… တေးဆိုကာကွယ်… သြော် ထွေးညိုကိုချော့ဖို့… သော့သော့လာခဲ့မယ်… အခုများတော့ တိုင်းပြည်ဝန်ထမ်းလျက်မို့… ထွေးညိုလေးရယ်… အဆွေးဆိုတာ ဖျောက်ဖျက်ပစ်ရမယ်”

ဒီသီချင်းကတော့ ၁၉၆၄ ခုနှစ်က မြတ်ကဝိန်ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးခဲ့တဲ့ “ထွေးညို” ရုပ်ရှင်ကားထဲမှာ ရုပ်ရှင်ဇာတ်ဝင်တေးတပုဒ်အနေနဲ့ ပါဝင်ခဲ့တာပါ။

ထွေးညိုရုပ်ရှင်ကားကိုတော့ ဒါရိုက်တာဦးလှအောင်က ရိုက်ကူးပုံဖော်ခဲ့တာဖြစ်ပြီး အဲဒီကားထဲမှာတော့ တွံတေးသိန်းတန်က သရုပ်ဆောင်မင်းသား ဌေးဝင်း၊ မင်းသမီး ခင် သန်းနုတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ကာ သူ့ကို အဆိုတော်တယောက်အဖြစ်ရော သရုပ်ဆောင်မင်းသားတယောက်အဖြစ်ပါ လူသိများစေခဲ့တဲ့ မှတ်တိုင်တခု ဖြစ်ခဲ့တာပါ။

အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တေး သီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ ၈ နာရီသတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။

ခုတပတ်ရဲ့ ဖျော်ဖြေပွဲအမှတ်စဉ် ၉ မှာတော့ ဝါရင့် အဆိုတော်ကြီးတွေဖြစ်ကြတဲ့ တင်တင်မြ၊ တက္ကသိုလ်လဲ့လဲ့ တို့နဲ့အတူ သန်းမြတ်စိုး၊ ကေတုဝင်းထွဋ်၊ ရွှေရည်သိန်းတန်၊ ဖိုးသောကြာ၊ ရွှေယမင်းဦး၊ သဲနုဝါတို့နဲ့ တခြား မြန်မာသံ အဆိုတော်တွေက စန္ဒရား ဇေယျာမင်း မြန်မာမှုတေးဂီတအဖွဲ့နဲ့ ဖျော်ဖြေသွားခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013