DVB Logo
Home
မြန်မာသတင်း
ဘိုကလေးမြို့နယ်ရှိ အသက် ၈၀ ကျော် ဘိုးဘွား ၁၂၀၀ ကျော်ကို ထောက်ပံ့ငွေပေးအပ်
DVB
·
October 3, 2020
ဘိုကလေးမြို့နယ်ရှိ အသက် ၈၀ ကျော် ဘိုးဘွား ၁၂၀၀ ကျော်ကို ထောက်ပံ့ငွေပေးအပ်
Donate to DVB

ကိုဗစ်-၁၉ ကာလမှာ စီးပွားရေးကုစားမှုအနေနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းက အသက် ၈၀ နဲ့ ၈၅ နှစ်ကြား အဘိုး အဘွား ၁၂,၀၀ ကျော်၊ ၁ ဦးကို ၃၀,၀၀၀ ကျပ်နှုန်းနဲ့ အစိုးရက ထောက်ပံ့ပေးနေတယ်လို့ ဘိုကလေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

အောက်တိုဘာ ၁ ရက်နေ့က စတင်ထောက်ပံ့ပေးတာဖြစ်ပြီး ဘိုကလေးမြို့ပေါ် ၁၀ ရပ်ကွက်မှာ ရှိတဲ့ အသက် ၈၀ နဲ့ ၈၅ နှစ်အတွင်းက အဘိုး ၉၄ ဦးနဲ့ အဘွား ၂၂၄ ဦး၊ ကျေးရွာ ဒိုင်နယ် ၇၆ ဒိုင်နယ်က အဘိုး ၃၉၁ ဦး၊ အဘွား ၅၃၇ ဦး၊ စုစုပေါင်း ၁၂၄၆ ဦးကို ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေး ဝန်ထမ်းတွေက လက်ဝယ်အရောက် ပေးအပ်ခဲ့တာပါ။

အခုလို ကပ်ရောဂါ ဖြစ်နေတဲ့အချိန်မှာ နိုင်ငံတော်က ထောက်ပံ့ပေးတဲ့အတွက် အဆင်ပြေတယ်လို့ အမှတ်-၅ ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၈၀ ကျော် အဘိုးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ဘိုကလေးမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အိမ်ထောင်စု ၃ သောင်းကျော်ကို နိုင်ငံတော်က တအိမ်ထောင် ၂ သောင်းကျပ် ထောက်ပံ့ပေးခဲ့ပြီး  အခု လေးကြိမ်မြောက် ထောက်ပံ့ပေးတာလို့ သိရပါတယ်။

သတင်း - ထူးထူး(ဘိုကလေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013