DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးရန် အကြိုညှိနှိုင်းကြမည်ဟု ယူအန်အက်ဖ်စီပြော
DVB
·
July 9, 2013
နိုင်ငံရေးဆွေးနွေးရန် အကြိုညှိနှိုင်းကြမည်ဟု ယူအန်အက်ဖ်စီပြော
Donate to DVB

နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် အကြိုညှိနှိုင်းမှုအဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အလုပ်အဖွဲ့တွေနဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့က အလုပ်အဖွဲတွေ တွေ့ဆုံကြဖို့ ရှိပါတယ်။

လာမယ့်ရက်ပိုင်းအတွင်း အစိုးရငြိမ်းချမ်းေ၇းဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့နဲ့ တိုင်းရင်းသားမဟာမိတ် အလုပ်အဖွဲ့ကြား တွေ့ဆုံညှိနှိုင်းကြမယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ပြောခွင့်ရသူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

[caption id="attachment_29473" align="alignleft" width="300" caption="ဦးခွန်ဥက္ကာ"][/caption]

“လူကြီးချင်းကတော့ တွေ့ဖို့မသိသေးဘူးဗျ။ အလုပ်အဖွဲ့ချင်းကတော့ လာမယ့်ရက်ပိုင်းမှာ တွေ့မှာပဲ။ မြန်မာငြိမ်းချမ်းရေးစင်တာက အလုပ်အဖွဲ့က ဒီမှာ ၁၁ ရက်နေ့လောက်ရောက်မယ်။ ရောက်ရင် ဒီမှာရှိနေတဲ့ သုံးဖွဲ့လောက်ပေါ့။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရယ် (အက်စ်အက်စ်အေ)၊ ယူအန်အက်ဖ်စီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ရယ် အလုပ်အဖွဲ့တွေ တွေ့သွားဖို့ အစီအစဉ်ရှိတယ်လို့တော့ သိရတယ်။ ၁၂ ရက် ၁၃ ရက်မှာ တွေ့သွားဖို့ရှိတယ်”  လို့ ပြောပါတယ်။

ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေကလည်း အစိုးရဘက်က အလုပ်အဖွဲ့ဟာ ဒီလအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့၊ ကရင်အမျိုးသားအစည်းအရုံးက အလုပ်အဖွဲ့တွေနဲ့လည်း  ညှိနှိုင်းကြမယ့်အကြောင်းနဲ့ လာမယ့်ဩဂုတ်လမှာ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ကြမယ်လို့ ပြောပါတယ်။

“သူတို့ နှစ်ဖက် ခေါင်းဆောင်တွေ ရက်သတ်မှတ်ပြီးရင်တော့ ပြန်လုပ်မှာပါပဲ။ ကျနော်ထင်တာကတော့ ဇူလိုင်လကုန်ပိုင်းလောက်လဲ ယူအန်အက်စ်စီနဲ့ ဦးအောင်မင်းတို့ နှစ်ဖက် သဘောတူရင် ဖြစ်ကောင်း ဖြစ်သွားလိမ့်မယ်။”

ဝပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့က ဦးသိန်းဇော်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လာမဲ့ရက်ပိုင်း တွေ့ဆုံကြလိမ့်မယ်လို့ သူက ပြောပါတယ်။

အစိုးရနဲ့ ယူအန်အက်ဖ်စီအကြား ဖေဖော်ဝါရီ ၁၇ ရက်နေ့ ထိုင်းနိုင်ငံက တွေ့ဆုံဆွေးနွေးပွဲမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ၂ လအတွင်း စတင်ဖို့ သဘောတူခဲ့ကြပါတယ်။
ဒါပေမယ့် ၅ လနီးပါးကြာမြင့်တဲ့အထိ မဖြစ်သေးတဲ့အပေါ် ဦးခွန်ဥက္ကာကို မေးကြည့်ရာမှာ ဦးအောင်မင်းဘက်က အလုပ်များနေတာကို သတိပြုမိပေမယ့် နည်းလမ်းရှာသွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ကသာ သုံးလ ပြန်တွေ့မယ်၊ ၂ လ ပြန်တွေ့မယ်လို့ စသဖြင့် ချိန်းကြပေမယ့် တဖက်က မြန်မာ ငြိမ်းချမ်းရေးစင်တာ အပါအ၀င်ပေါ့ဗျာ။ ကျနော်တို့ရဲ့ UPWC (ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ) ဘက်ကလည်း သူ့ကိစ္စနဲ့သူ အလုပ်များတာ တဖက်ပေါ့။ တဖက်ကလည်း သူက ဒိုင်ခံပြီးတော့ ဒီအဖွဲ့ပေါင်း ၁၀ ကျော်ကို အလှည့်ကျ တွေ့နေရတဲ့ အခါကျတော့ ချိန်းတဲ့ရက်တွေမှာ အလှည့်မပေးနိုင်တာ ကျနော်တို့ တွေ့ရတယ်။ သူက အဖွဲ့တဖွဲ့တည်း ကျန်တဲ့ ၁၀ ဖွဲ့လောက်ကို အလှည့်ကျ စောင့်ရမယ်ဆိုရင် ချိန်းတဲ့အတိုင်း မဖြစ်တာတွေ များတယ်။ အခုတွေ့ရင်တော့ နည်းလမ်းရှာဖို့ လိုတယ်လို့ ထင်တယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013