DVB Logo
Home
မြန်မာသတင်း
လယ်သမားအရေးလှုပ်ရှားသူ ၁၅၀ နီးပါး တရားစွဲခံနေရ
DVB
·
July 9, 2013
လယ်သမားအရေးလှုပ်ရှားသူ ၁၅၀ နီးပါး တရားစွဲခံနေရ
Donate to DVB

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ တလအတွင်း  လယ်သမားတွေအပါအ၀င် လယ်သမားအရေးလှုပ်ရှားသူ ၁၅၀ နီးပါး တရားစွဲခံနေရပြီး  အဲဒီထဲက ၁၇ ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံက)  စာရင်းထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ ရဲ့   ဒီကနေ့ထုတ် လစဉ် အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

အေအေပီပီအဖွဲ့ဝင် ဒေါ်ခင်ချိုမြင့်က “ပြီးခဲ့တဲ့ ဇွန်လမှာ ၁၄၉ ယောက်လောက်ကတော့ တရားစွဲဆိုခံရတယ်။ အယောက် ၇၀ လောက် တရားရင်ဆိုင်နေရတာ သိတယ်။ ကျန်တဲ့လူတွေကတော့ ကျမတို့ သတင်းထပ်မရဘူး။ နောက်ထပ် လူ ၁၆ ယောက်က ထောင်ချတယ်ပေါ့နော်။ ပြီးခဲ့တဲ့ ဇွန်လထဲမှာ ထောင်ချခံရတဲ့လူတွေ များသောအားဖြင့် ပုဒ် ၁၈ နဲ့ ထောင်ချခံရတာ များတယ်၊ ပုဒ်မ ၁၈ နဲ့ ၅၀၅ ခ ပေါ့” လို့ ပြောပါတယ်။

[caption id="attachment_41425" align="alignleft" width="300" caption="လယ်မြေသိမ်းဆည်းခံရသူများ မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြနေကြစဉ်"][/caption]

ဒါ့အပြင် တရားစွဲဆိုခံရသူတွေဟာ လယ်သမားအများစုဖြစ်ပြီး သူတို့ လယ်မြေကို စစ်အစိုးရလက်ထက်က သိမ်းယူထားတဲ့အပေါ် ထွန်တုန်းတိုက်ပွဲဆင်နွှဲလို့ ဖမ်းဆီးခံရတာလို့ ပြောပါတယ်။

“ဒီလထဲမှာ ထူးထူးခြားခြား လယ်သမားတွေကို လယ်သမားတွေကို တရားစွဲတာ တအားများတယ်လေ။ လယ်သမားတွေကို ကူညီတဲ့လူတွေ၊ ပြီးတော့ လယ်သားတွေကလည်း သူတို့ မြေယာတွေ တကယ်ပဲ တချို့ စစ်တပ်နဲ့ ရဲတွေ သိမ်းထားတဲ့ အတွက်ကြောင့်မို့ သူတို့မြေနေရာမှာ ပြန်လုပ်တာဆိုတော့၊ လယ်သမားတွေ ဆိုတာ ကျမအနေနဲ့ ပြောချင်တာက အရမ်းသနားဖို့ ကောင်းတာ။ ကိုယ်တွေအတွက် ကျေးဇူးရှင်တွေလည်း ဖြစ်တယ်။ အရမ်းကို ပင်ပန်းဆင်းရဲပြီး သနားစရာကောင်းတဲ့ လယ်သမားတွေဟာ ဒီလိုအမှုတွေနဲ့ ရင်ဆိုင်ရတယ်ဆိုတာမျိုးတော့ သိပ်မဖြစ်စေချင်ဘူး။”

လက်ရှိ အစိုးရသစ်လက်ထက်မှာ လွှတ်တော်ကနေ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ခဲ့ချိန်ကစလို့ လယ်သမားတွေဟာ တပ်မတော်အစိုးရလက်ထက် လယ်သိမ်းခံထားရတဲ့ လယ်မြေတွေမှာ ထွန်တုံးတိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ လုပ်ဆောင်နေကြပါတယ်။ ဒီအတွက်လည်း အာဏာပိုင်တွေက တရားစွဲခဲ့တာပါ။

လာမယ့် သီတင်းပတ်တွေအတွင်း သမ္မတဦးသိန်းစိန်ရဲ့ ဥရောပခရီးမတိုင်ခင် နိုင်ငံရေးအကျဉ်းသား ၁၀၀ လောက် လွတ်ဖို့ရှိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဒီလအတွင်းမှာ တယောက်မှာ လွတ်လာသူ မရှိသေးဘူးလို့ အေအေပီပီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၅၅ ကျန်နေသေးတယ်လို့ အေအေပီပီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013