DVB Logo
Home
မြန်မာသတင်း
နမ္မတူမြို့အနီး ကားလမ်းဘေးတွင် မီးရှို့အသတ်ခံရသည့် အမျိုးသမီးအလောင်း တွေ့ရှိ
DVB
·
October 2, 2020
နမ္မတူမြို့အနီး ကားလမ်းဘေးတွင် မီးရှို့အသတ်ခံရသည့် အမျိုးသမီးအလောင်း တွေ့ရှိ
Donate to DVB

ရှမ်းပြည်နယ် နမ္မတူ-လားရှိုးလမ်းမ၊ နမ္မတူမြို့နဲ့ ၇ မိုင်အကွာ ကားလမ်းမဘေး တောင်စောင်းအနီးမှာ အောက်တိုဘာ ၁ ရက်နေ့က မီးရှို့အသတ်ခံထားရတဲ့ အမည်မသိ အမျိုးသမီးအလောင်း တွေ့ရှိခဲ့တယ်လို့ နမ္မတူမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 

နမ္မတူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးလှဝင်းက “မျက်နှာကတော့ လုံးဝ ဝေခွဲလို့မရဘူး။ ဘယ်သူ့သားသမီးလဲ၊ ဘယ်သူဆိုတာလဲ မသိတော့ဘူး။ အလောင်းက မျက်နှာပါ မီးရှို့ဖျက်ဆီးထားတော့ မည်သူမှန်း မသိဘူးဖြစ်နေတာ" လို့ ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ နမ္မတူနဲ့ ၇ မိုင်အကွာ ခိုဖိတ်ရွာအလွန် နတ်တောင်ကုန်းမှာ တည်ရှိပြီး ဆေးသမားတွေ ဆေးသုံးစွဲရာနေရာ၊ လုယက်မှု မကြာခဏဖြစ်တတ်တဲ့ နေရာဖြစ်တာကြောင့် ဆိုင်ကယ်နဲ့ တယောက်တည်း မသွားသင့်တဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်ရယူနိုင်ဖို့ မီးရှို့အသတ်ခံထားရတဲ့ အမည်မသိအမျိုးသမီး အလောင်းအား လူမှုကယ်ဆယ်ရေးအဖွဲ့ (နမ္မတူ)နဲ့ မေတ္တာရှင် လူမှုကူညီရေးအသင်းတို့က နမ္မတူဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အမျိုးသမီးတဦး အသတ်ခံရတာနဲ့ပတ်သက်ပြီး နမ္မတူမြိုမရဲစခန်းက သက်ဆိုင်ရပ်ကွက်တွေမှာ စုံစမ်းနေတယ်လို့ နမ္မတူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။

အမည်မသိအမျိုးသမီးအလောင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး နမ္မတူမြို့မရဲစခန်းကို ဒီဗွီဘီက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မရခဲ့ပါဘူး။

Pra Jaw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013