DVB Logo
Home
သတင်းတို
၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေ ပြင်ဆင်ဖို့ မရှိသေး
DVB
·
July 9, 2013
Donate to DVB

ပြဋ္ဌာန်းခဲ့တာ နှစ်ပေါင်း ၆၀ ကျော်လာပြီ ဖြစ်ပေမယ့် ပြည့်တန်ဆာလုပ်ငန်းကို အတိုင်းအတာတခုအထိ ဟန့်တားနိုင်နေသေးတာကြောင့် ၁၉၄၉ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေကို ပြင်ဆင်ဖို့ မရှိသေးဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန ရဲချုပ်ကျော်ကျော်ထွန်းက ပြောပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အန်အယ်လ်ဒီပါတီရဲ့အမတ် ဒေါ်စန္ဒာမင်းက ၁၉၄၉ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေမှာ ပြစ်မှုကျူးလွန်တာခြင်း အတူတူ လိင်ကို ရောင်းစားသူ အမျိုးသမီးတွေက ပြစ်မှုမြောက်ပြီး လိင်ကို ၀ယ်ယူသူ အမျိုးသား တွေကတော့ ပြစ်မှုမြောက်ခြင်း မရှိတဲ့အတွက် ဥပဒေပြင်ဖို့ ရှိ မရှိ၊ စားဝတ်နေရေး ခက်ခဲကျပ်တည်းလို့ အမျိုးသမီးတွေ ပြည့်တန်ဆာ ဖြစ်နေရတာ သိ မသိ၊ ရဲတွေရဲ့ ဖမ်းဆီးပုံကြောင့် အိပ်ခ်ျအိုင်ဗွီကူးစက်ခံရတဲ့ အန္တရာယ် ရင်ဆိုင်ရတာ သိ မသိ မေးမြန်းတဲ့အပေါ်မှာ ရဲချုပ်က ခုလို ဖြေခဲ့တာပါ။

ရဲချုပ်ရဲ့ ဖြေကြားချက်အရ ၂၀၁၁ ခုနှစ်က ပြည့်တန်ဆာမှု ၂၀၀၀ နီးပါး ပဲရှိရာကနေ ၂၀၁၂ ခုနှစ်မှာတော့ ၃၂၀၀ ကျော် အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013