DVB Logo
Home
သတင်းတို
ကြေးနီစီမံကိန်း စာချုပ်သစ် မကြာမီ ထုတ်ပြန်မည်
DVB
·
July 9, 2013
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စာချုပ်မူကြမ်းအသစ်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဆီ မနေ့က တင်ပြထားပြီး ခွင့်ပြုချက်ရပါက စာချုပ်ပါ အချက်တွေကို အများပြည်သူသိအောင် ထုတ်ပြန်သွားမယ်လို့ စုံစမ်းရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော်မယ့် လုပ်ငန်းကော်မတီက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒီ စာချုပ်အသစ်ကို မြန်မာဝမ်ပေါင် ကုမ္ပဏီလီမိတက်၊ သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနဲ့ ပညာရှင်တွေ ပါဝင်တဲ့အဖွဲ့က ပူးပေါင်း ညှိနှိုင်းရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ စာချုပ်မူကြမ်းအပေါ် ရှေ့နေချုပ်ရုံးရဲ့ သဘောထားမှတ်ချက်လည်း ရရှိပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာထဲမှာ တရုတ်ကုမ္ပဏီနဲ့ အစိုးရစာချုပ်အသစ် ပြန်လည် ချုပ်ဆိုသင့်တယ်လို့ အကြံပြုခဲ့တဲ့အပေါ် ခုလို စာချုပ်အသစ် ပြန်လည် ချုပ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013