
စက်တင်ဘာ ၃၀ ရက်နေ့ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၉၄၆ ဦးထဲမှာ ရန်ကုန်တိုင်းက ၇၈၆ ဦးနဲ့ အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းက ၆၈ ဦးနဲ့ ဒုတိယအများဆုံး တွေ့ရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းထဲမှာတော့ တွံတေးက ၅၇ ဦး၊ မင်္ဂလာဒုံနဲ့ ဒလမြို့နယ်တို့ ၅၆ ဦးစီနဲ့ အများဆုံးတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ညနေ ထုတ်ပြန်ပါတယ်။
ဧရာဝတီတိုင်းမှာတော့ မအူပင်မြို့က အတည်ပြုလူလူနာ ၅၆ ဦးနဲ့ အများဆုံးတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
မန္တလေးတိုင်းက ၇ ဦး၊ ကချင်ပြည်နယ်က ၆ ဦး၊ ရခိုင်ပြည်နယ်က ၂၅ ဦး၊ ပဲခူးတိုင်းက ၂၁ ဦး၊ မွန်ပြည်နယ်က ၃ ဦး၊ တနင်္သာရီတိုင်းက ၅ ဦး၊ ကရင်ပြည်နယ်က ၁ ဦး၊ နေပြည်တော်က ၁ ဦး၊ ရှမ်းပြည်နယ် (တောင်ပိုင်း) က ၃ ဦးနဲ့ စစ်ကိုင်းတိုင်းက ၁၉ ဦး တွေ့ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ညaeအထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၃,၃၇၃ ယောက်၊ သေဆုံးသူ ၃၁၀ ယောက်နဲ့ ဆေးရုံကဆင်းခွင့်ပြုခဲ့သူပေါင်း ၃,၇၅၅ ယောက် ရှိတယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။










