DVB Logo
Home
မြန်မာသတင်း
မဲပေးသူများအတွက် စိတ်ချရသည့် အကွာအဝေး ပြုလုပ်ပေးရန် စင်ကာပူရောက်မြန်မာများ တိုက်တွန်း
DVB
·
October 1, 2020
မဲပေးသူများအတွက် စိတ်ချရသည့် အကွာအဝေး ပြုလုပ်ပေးရန် စင်ကာပူရောက်မြန်မာများ တိုက်တွန်း
Donate to DVB

၂၀၂၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးကြရာမှာ မဲပေးသူတွေအတွက် စိတ်ချရတဲ့အကွာအဝေးကို Social Distancing နဲ့အညီ ပြုလုပ်ပေးဖို့ စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား  မဲဆန္ဒရှင်တချို့က တိုက်တွန်းလိုက်ပါတယ်။

နိုဝင်ဘာ ၈ ရက်မှာ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှုတွေကို စင်ကာပူရှိ မြန်မာသံရုံးမှာ အောက်တိုဘာလ ၁ ရက် မနက်က စတင်ပြီး ပြုလုပ်နေရာမှာ  မဲပေးမယ့်သူတွေဟာ မနက်အစောပိုင်းထဲက Social Distancing နဲ့ အညီ တန်းစီရတာပါ။

ကိုဗစ်ကာလ ကြိုတင်မဲပေးရတဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီး စင်ကာပူရောက်မြန်မာ တစ်ဦး ဖြစ်တဲ့ ကိုမြတ်မင်းစိုးက “အခုဒီကအတွေ့အကြုံအရဆိုရင် ဒီမှာက တအားတင်းကျပ်တယ်ဗျ။ အခုဒီမနက်ဆိုရင်လည်း စင်ကာပူက ရဲတွေရော၊ အရပ်ဝတ်တွေနဲ့ရော အများကြီးလိုက်ပြီးတော့ သူတို့လည်း လိုက်ကြည့်ပြီးတော့ လိုအပ်တာတွေ လိုက်ပြောတယ်။ ကျနော်တို့ ဒီအဖွဲ့တွေရော၊ သံရုံးတွေကိုလည်း ပြီးခဲ့တဲ့ရက်တွေ ကတည်းက သူတို့တွေဘာတွေ လိုက်နာသင့်တယ်ဆိုတာကို လုပ်ထားတယ်။ မြန်မာပြည်မှာလည်း အဲ့လိုမျိုးလုပ်မယ်လို့ ကျနော်တို့နားလည်ပါတယ်။ တလလောက်ကြိုကြိုပြီးတော့ ပြင်ဆင်ပြီး ဒီဘက်မှာ ဖြစ်တဲ့အတွက် ဟိုဘက် မြန်မာပြည်မှာလည်း ဒါကို Follow up လုပ်နိုင်တဲ့အခြေအနေမျိုးလည်းရှိတော့ ဟိုဘက်မှာလည်း အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ်ခုက မြန်မာပြည်ဘက်မှာလည်း စနစ်တွေက တချို့ဟာတွေက အရမ်းကောင်းမွန်တာကို ကျနော်တို့ တွေ့နေရပါတယ် ” လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ ရင်ဆိုင်နေရချိန်ဖြစ်တဲ့အတွက် စင်ကာပူမှာ ကြိုတင်မဲပေးမယ့်သူတွေကို ကိုယ်ပူချိန်တိုင်းတာ ၊ လက်ဆေးစေတာ ၊Social distancing အညီ စီတန်းစေတာအပြင် မလိုလားအပ်ပဲ လူစုလူဝေး မဖြစ်စေဖို့အတွက် တင်းကျပ်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း စင်ကာပူမှာ  ကြိုတင်မဲပေးခဲ့တဲ့ မတင်မာဝေကတော့ မဲပေးရတာ ပိုမိုမြန်ဆန်မှုရှိပြီး မြန်မာနိုင်ငံမှာလည်း မဲပေးမယ့်သူတွေအတွက် စိတ်ချရတဲ့ အကွာ အဝေးကို ပြုလုပ်ပေးဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။

မတင်မာဝေက “ Social distancing တစ်ယောက်နဲ့တစ်ယောက် စိတ်ချရတဲ့အကွာအဝေး ကို မဖြစ်မနေလုပ်သင့်ပါတယ်၊ ရွေးကောက်ပွဲကို၊ အရေးကြီးတဲ့ အချိန်မိုလို့ပါ။” လို့ ပြောပါတယ်။

စင်ကာပူမှာ  ကြိုတင်မဲပေးခြင်းကို အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိ ပြုလုပ်မှာဖြစ်ပြီး ကြိုတင်မဲပေးဖို့ စာရင်းပေးထားသူ ၃၀၀၀၀ ကျော်ရှိတယ်လို့ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013