DVB Logo
Home
မြန်မာသတင်း
ဒေါက်တာစင်သီယာမောင်ဆေးခန်း မြေနေရာအချို့ ရောင်းစားခံရ
DVB
·
July 8, 2013
ဒေါက်တာစင်သီယာမောင်ဆေးခန်း မြေနေရာအချို့ ရောင်းစားခံရ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်နေ မြန်မာလူထုကို ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့  ဒေါက်တာစင်သီယာမောင်ရဲ့  မယ်တော်ဆေးခန်းနဲ့ စာသင်ကျောင်း  မြေနေရာ  အစိတ်အပိုင်းတချို့ကို ထိုင်းဘုန်းကြီးတပါးက ရောင်းစားလိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်  မဲဆောက်မြို့က ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်း ဖွင့်လှစ်ထားရာ မြေနေရာ  အစိတ်အပိုင်းတချို့ကို (Metta Thammarak Foundation) မက်တာ သမရာစ အဖွဲ့ဝင် ထိုင်းဘုန်းကြီး Phra Kittisak Kittisobhano က ထိုင်းဘတ်ငွေ ၂ သန်းခွဲ နဲ့ ရောင်းစားခဲ့တာ ဖြစ်ပါတယ်။

[caption id="attachment_41382" align="alignright" width="300" caption="ဒေါက်တာ စင်သီယာမောင်"][/caption]

အဆိုပါ မြေကွက်ကို အမေရိကန်က  အလှူရှင်တွေကနေပြီး လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်က ဘတ် ၂ သန်းခွဲပေး ၀ယ်ယူ လှူဒါန်းခဲ့တာဖြစ်ပြီး ကျောင်းဆောက်တဲ့ ကုန်ကျစရိတ်တွေကိုလည်း  အဲဒီအလှူကပဲ အကုန်ကျခံ တည်ဆောက်ပေးခဲ့တာလို့ ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။

“အမေရိကန်မှာနေတဲ့သူတွေကပဲ ဒီမြေကြီးကိုဝယ်ပေးဖို့ဆိုပြီး ရန်ပုံငွေမြှင့်တင်ရေးလုပ်တယ်။ အခုလက်ရှိ မူကြိုကျောင်းနေရာရယ်၊ ကျမတို့ ဆေးခန်းအဟောင်းနေရာရယ်၊ အဲဒီ ၂ နေရာကို ထိုင်းအဖွဲ့အစည်းတခုရဲ့ နာမည်နဲ့ ၀ယ်တယ်။ ကျမတို့အလှူငွေက အားလုံး စုစုပေါင်းရတာ ၂ သန်းခွဲ။ ၂ သန်းခွဲမှာ မြေကြီး ၂ ကွက်ပါတယ်၊ ရေတွေ မီးတွေ၊ အဆောက်အဦပြင်တာတွေ အကုန်လုံးပေါ့။ သူတို့ပဲ အကုန်တာဝန်ယူပြီး ဆောင်ရွက်သွားတယ်။”

အဲဒီမြေကွက်ကို ထိုင်းလူမှုရေးအဖွဲ့ဖြစ်တဲ့ (Metta Thammarak Foundation) အဖွဲ့ရဲ့နာမည်နဲ့ ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ အဲဒီမြေကွက်ကို ထိုင်းရဲတပ်ဖွဲ့က ဒုဗိုလ်မှူးကြီးတဦးဆီ ထိုင်းဘုန်းကြီးက ရောင်းချလိုက်တာလို့ ထိုင်းနိုင်ငံထုတ် သည်နေးရှင်းသတင်းစာမှာ ဖော်ပြပါတယ်။

ရောင်းစားခံရတဲ့မြေနေရာဟာ လက်ရှိ မယ်တော်ဆေးခန်းရှေ့မျက်နှာစာရှိ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ စက်ဘီးတွေ အပ်နှံတဲ့နေရာမြေကွက်နဲ့  ဆေးခန်းတဖက်ခြမ်းမှာရှိတဲ့ စီဒီစီ မူလတန်းကျောင်း တည်ရှိရာမြေ ဖြစ်ပါတယ်။

ဒီမြေနေရာ ရောင်းစားခံရတဲ့အတွက် လက်ရှိဆေးခန်း နေရာပြောင်းရမှာကို ၀န်းထမ်းတချို့ စိုးရိမ်ပူပန်နေကြပါတယ်။ ဒေါက်တာစင်သီယာမောင်ကတော့ ဒီမြေပြသနာကို အဲဒီထိုင်းလူမှုရေးအဖွဲ့ကပဲ ဖြေရှင်းနေပြီး ဆေးခန်းလုပ်ငန်းတွေကို အဲဒီအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“တရားဝင်တော့ ကျမတို့ ဘယ်မှ အကြောင်းကြားတာ မရှိပါဘူး။ သို့သော်လည်း မြေကြီးနဲ့ ပတ်သက်ပြီး တရားဝင်ပိုင်ဆိုင်တဲ့ အဖွဲ့အစည်းကပဲ တိုက်ရိုက်ညှိနှိုင်းတာ ရှိပါတယ်။ ကျမတို့ မြေကြီးကိစ္စကိုတော့ ဒီအဖွဲ့အစည်းက ကူညီဖြေရှင်းပေးရင်တော့ လက်ရှိလုပ်ငန်းတွေကတော့  ပုံမှန်အလုပ်အတိုင်း ဆက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိ ပိုင်ဆိုင်တဲ့အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်နဲ့ ကျမတို့ ဆက်ပြီး အသုံးပြုသွားမှာပါ။ ”

မယ်တော်ဆေးခန်းကို ၈ လေးလုံးအရေးအခင်းအပြီး  နယ်စပ်ကို ရောက်ရှိလာကြတဲ့ ဒေါက်တာစင်သီယာမောင်အပါအ၀င် ကျောင်းသားတပ်မတော်(အေဘီအက်ဖ်ဒီအက်စ်) အဖွဲ့ဝင်တချို့နဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကတည်းက  မဲဆောက်မြို့ မယ်တော်ရပ်ကွက်မှာ မြေနေရာငှား ဆေးခန်းဖွင့်လှစ်ကာ   ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းမြန်မာ  အလုပ်သမားတွေကို အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013