DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ရွေးကောက်ပွဲအတွက် နောက်ဆုံးအကြိမ် မဲစာရင်းများ ကြေညာ
DVB
·
October 1, 2020
၂၀၂၀ ရွေးကောက်ပွဲအတွက် နောက်ဆုံးအကြိမ် မဲစာရင်းများ ကြေညာ
Donate to DVB

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်၊ နောက်ဆုံးအနေနဲ့  မဲဆန္ဒရှင်စာရင်းတွေကို  မြန်မာနိုင်ငံတဝန်းရှိ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲတွေမှာ ထပ်မံ ကြေညာပေးနေပါတယ်။

အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ  ၁၄ ရက်ကြာ ထပ်မံကြေညာကပ်ထားပေးမှာ ဖြစ်တယ်လို့   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထား ပါတယ်။

မဲစာရင်းတွေကို သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲတွေမှာကြည့်ရှုနိုင်သလို အင်တာနက်စာမျက်နှာ ဝက်ဆိုက်နဲ့ မိုဘိုင်းဖုန်းကနေလည်း ကြည့်ရှုနိုင်အောင် စီစဉ် ဆောင်ရွက်ပေးထားပါတယ်။ 

မဲစာရင်းကို အကြောင်းအမျိုးမျိုး​ကြောင့် လူကိုယ်တိုင် လာရောက်မကြည့်ရှုနိုင်တဲ့ သူတွေအတွက် https://findyourpollingstation.uec.gov.mm/  ဝက်ဆိုက်နဲ့ findyourpollingstation.apk ဆိုတဲ့ မိုဘိုင်း Application တို့ကနေ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးကာလ ဖြစ်တဲ့အတွက်ကြောင့် မဲစာရင်းတွေကို အွန်လိုင်းကနေ  အလွယ်တကူ ကြည့်ရှုနိုင်ဖို့ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်  ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။

လက်ရှိ Stay at Home သတ်မှတ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့လည်း  မဲဆန္ဒရှင် စာရင်းမှာ  ပါဝင်မှုရှိ/မရှိ နဲ့ အချက်အလက်တွေကို စစ်ဆေးနိုင်ဖို့ အွန်လိုင်းကနေ  https://bit.ly/yangon-voters မှာ မဲစာရင်း စစ်ဆေးနိုင်တယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ထားပါတယ်။

မဲဆန္ဒရှင် စာရင်းမှာ အမည်မပါဝင်တာ အချက်အလက်ပြင်ဆင်လိုတာနဲ့ ကန့်ကွက်လိုတာရှိရင် ဆက်သွယ်လျှောက်ထား အကူအညီရယူနိုင်ဖို့ နည်းလည်းတွေကိုလည်း  ထုတ်ပြန်ထားပါတယ်။

ပထမအကြိမ်မဲစာရင်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ ကြေညာထားခဲ့ပေမယ့် လာကြည့်သူဦးရေ နည်းနေသေးလို့  သြဂုတ် ၈ ရက်မှ ၁၄ ရက် အထိ ၇ ရက်ထပ်မံတိုးမြင့်ကြေညာပေးခဲ့ပါတယ်။

ပထမအကြိမ် ထုတ်ပြန်တဲ့ မဲစာရင်းမှာ  မှတ်ပုံတင်နံပါတ်လွဲမှားတာ၊ မှတ်ပုံတင်နံပါတ်မပါရှိတာ၊ ဖခင်အမည် မှားယွင်းတာ၊ မဲစာရင်းမပါတာ၊  မဲစာရင်းထပ်နေတာစတဲ့ အမှားအယွင်းတွေ ရှိခဲ့လို့  ပြင်ဆင်ပေးခဲ့ရတာတွေ ရှိပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013