Home
မြန်မာသတင်း
စင်ကာပူရောက်မြန်မာများ  ကြိုတင်ဆန္ဒမဲ စပေး  
DVB
·
October 1, 2020
120582315_3378246208929721_4314167553380316722_n
120573176_2660700267516787_7420026058162100633_o
120438403_3378246365596372_3208843187779188310_o
120411374_2660700620850085_7480813578397985950_o (1)
120352774_3378246315596377_6125944385261256698_n
120331224_2660700344183446_6543784542212586447_o
120312593_3378246215596387_3507327806317449142_n
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံရောက်မြန်မာတွေ ဒီကနေ့ အောက်တိုဘာ ၁ ရက် ဒေသစံတော်ချိန် မနက် ၉ နာရီက စတင်ပြီး မြန်မာသံရုံးမှာ  ကြိုတင်ဆန္ဒမဲပေးနေကြပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း မဲပေးရတာဖြစ်တဲ့အတွက် စင်ကာပူအာဏာပိုင်တွေက စည်းကမ်းတွေကို တင်းကျပ်ထားပြီး ကြိုတင်မဲပေးမယ့်သူတွေဟာ မနက်အစောပိုင်းထဲက မြန်မာသံရုံးရှိရာ စိန့်မာတင်လမ်း တစ်ဖက်တချက်ဆီမှာ Social distancing နဲ့ အညီ ခပ်ခွာခွာ တန်းစီရတာဖြစ်ပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ ကြိုတင်မဲပေးခြင်း  ပထမအသုတ်ကိုတော့ ဒေသစံတော်ချိန် မနက် ၉ နာရီမှ ၉ နာရီ ၄၅ မိနစ်အထိဆောင်ရွက်ခဲ့ပြီး မဲဆန္ဒရှင်  အယောက်  ၂၀၀ လောက် လာရောက်မဲပေးခဲ့တယ်လို့သိရပါတယ်။ စင်ကာပူရှိ မြန်မာသံရုံးမှာ ပုံစံ ၁၅ နဲ့ ကြိုတင်မဲပေးခွင့် လာတင်ထားတဲ့သူ ၃၄၆၀၀ ၀န်းကျင် ရှိပါတယ်။ ကော်မရှင်က စိစစ်ပြီး ပြန်ပို့လာတဲ့ ကြိုတင်မဲပေးခွင့် ရှိသူစာရင်းက  ၃၄၀၀၀ ၀န်းကျင် ရှိပြီး ၂၀၀၀ ၀န်းကျင်ကတော့ စာရင်းပါမလာခဲ့ပါဘူး။ သံရုံးအနေနဲ့ ကြိုတင်မဲပေးခွင့် ရှိသူစာရင်းထဲ မပါသူတွေရဲ့ အချက်အလက်တွေကို စုစည်းပြီး ရွေးကောက်ပွဲကော်မရှင်ထံ ပေးဖို့ စီစဉ်ပေးနေတယ်လို့ စင်ကာပူမှာ မဲပေးခွင့်ရရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ စင်ကာပူမှာ ကြိုတင်ဆန္ဒမဲကို အောက်တိုဘာ ၁ ရက်မှ ၁၈ ရက်အထိ ပေးလို့ရမှာပါ။ ဒါပေမဲ့ မဲပေးမယ့်ရက်ကို ကြိုတင်ပြီး လျှောက်ထားမှဖြစ်တယ်လို့ မြန်မာသံရုံးက ထုတ်ပြန်ကြေညာ  ထားပါတယ်။ သတင်း- ဖြိုးသက်ပိုင်မြင့်/ ထက်ဝေအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024