Home
မြန်မာသတင်း
တရုတ်မုန့်စားပွဲတော်အတွင်း မြန်မာကုန်စည်တင်ပို့မှု ရပ်တန့်နိုင်   
DVB
·
September 30, 2020
120235415_3596835920366691_3850791062803136947_n
တရုတ်မုန့်စားပွဲအတော်အတွင်း တရုတ်အကောက်ခွန်ဦးစီးဌာန ခေတ္တ ပိတ်မှာဖြစ်ပြီး အဲဒီလိုပိတ်ထားတဲ့ကာလတွေမှာ မြန်မာကုန်စည်တင်ပို့မှုတွေရပ်တန့်သွား နိုင်တယ်လို့ ကုန်တင်ကားမောင်းနှင်သူတွေက ပြောပါတယ်။  အဆိုပါ တရုတ်မုန့်စားပွဲတော်ကျင်းပနေတဲ့ကာလအတွင်း အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၈ ရက်နေ့အထိ ခေတ္တပိတ်ထားမှာဖြစ်ကာ လက်ရှိမှာလည်း ကြယ်ဂေါင်ဘက်မှာ ကုန်စည်တွေရှားပါးနေသလို ရွှေလီဘက်ကလည်း ကုန်စည်အဝင်နည်းနေပြီး မြန်မာဘက်က ဖရဲကားမောင်းသူတွေအနေနဲ့လည်း တန်းစီတာ ၁ လနီးပါးရှိပြီဖြစ်တာကြောင့် ဂိတ်တွေ ထပ်ပြီး ပိတ်သွားမှာကိုစိုးရိမ်နေတယ်လို့ ဖရဲကားမောင်းသူက ပြောပါတယ်။  တရုတ်အကောက်ခွန်ဦးစီးဌာနဟာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ ကုန်စည်စီးဆင်း လည်ပတ်တဲ့ နေရာမှာ အရေးပါတဲ့ ဌာနတစ်ခုဖြစ်ကာ အဆိုပါ မုန့်စားပွဲတော်ကျင်းပနေတဲ့ကာလအတွင်း နှစ်စဉ်ပိတ်လေ့ရှိတယ်လို့သိရပါတယ်။  မကြာသေးခင်ကလည်း ရွှေလီမြို့မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ လူနာ ၂ ဦး ရှိခဲ့တာကြောင့် စက်တင်ဘာလ ၁၄ ရက်မှ ၂၁ ရက်အထိ မြို့အဝင်တွေကိုပိတ်ထားခဲ့ကာ စက်တင်ဘာလ ၂၂ ရက်မှ  ပြန်လည်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။  သတင်း - Pra Jaw
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024