DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်၊ သတင်းလောကသားများကို ထောက်ပံ့မည်
DVB
·
September 30, 2020
ကိုဗစ်ကာလ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်၊ သတင်းလောကသားများကို ထောက်ပံ့မည်
Donate to DVB

ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်၊ သတင်းနဲ့ အနုပညာရှင်စတဲ့အဖွဲ့  ၅ ဖွဲ့အတွက် ကျပ် သိန်း ၁၅၀၀ ကို ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးပြီး ထောက်ပံ့ကူညီပေးသွားဖို့  မနေ့ကကျင်းပတဲ့ သက်ဆိုင်ရာနယ်ပယ်အသီးသီးကတာဝန်ရှိသူတွေတက်ရောက်တဲ့ အွန်လိုင်း အစည်းအဝေးမှာ အတည်ပြုခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးကို  ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်၊ ဒုဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန်နဲ့ စာပေ၊ သဘင်၊ ဂီတ၊ ရုပ်ရှင်၊ သတင်းနယ်ပယ်က အနုပညာရှင်တွေနဲ့ တာဝန်ရှိသူတွေက ဝိုင်းဝန်းဆွေးနွေးခဲ့တာဖြစ်တယ်လို့  အထက်မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောပါတယ်။

အဲဒီလို ညှိနှိုင်းဆွေးနွေးချက်တွေအရ ကူညီမယ့် အဖွဲ့တစ်ဖွဲ့ကို ကျပ်သိန်း ၃၀၀ နှုန်းနဲ့ အဖွဲ့ ၅ ဖွဲ့စလုံးရရှိမှာဖြစ်ကာ စားဝတ်နေရေး ခက်ခဲသူတွေကို တစ်ဦးကို ကျပ် ၃၀၀၀၀ နှုန်းနဲ့ ထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။

အခု ထောက်ပံ့ငွေကို အောက်တိုဘာလဆန်းကနေ စပြီးရရှိမှာဖြစ်ကာ အနုပညာနဲ့ သတင်းနယ်ပယ်က ထောက်ပံ့ငွေရရှိမယ့်သူတွေအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို လွှဲပြောင်းပေးအပ်သွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

သတင်း- ဇာဇာမောင် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013