
စက်တင်ဘာ ၂၉ ရက်က စစ်ဆေးအတည်ပြုခဲ့တဲ့ ကိုဗစ်-၁၉ လူနာသစ် ၇၉၇ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၆၆၁ ယောက်ပါပြီး ပိုးတွေ့လူနာ ၂ ယောက်စာရင်းကျန်ခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ညနေ ထုတ်ပြန်ပါတယ်။
အင်းစိန်မြို့နယ်က ၁၀၈ ယောက်တွေ့ရလို့ အများဆုံးဖြစ်ပြီး ရွှေပြည်သာမြို့နယ်က ၅၁ ယောက်ဖြစ်ပါတယ်။
တွံတေးမြို့နယ်က ၄၉ ယောက်၊ မင်္ဂလာဒုံနဲ့ မြောက်ဥက္ကလာပ မြို့နယ်က ၄၂ ယောက်စီ၊ သင်္ဃန်းကျွန်းမြို့နယ်က ၄၂ ယောက် ပါဝင်ပါတယ်။
ရန်ကုန်တိုင်းထဲ ၃၇ မြို့နယ်က လူနာတွေပါဝင်ပြီး မန္တလေးတိုင်း ၉ မြို့နယ်က လူနာ ၃၂ ယောက် ပါဝင်ပါတယ်။
ကချင်ပြည်နယ်က ၂၄ ယောက်၊ ရခိုင်ပြည်နယ် ၂၃ ယောက်၊ ဧရာဝတီတိုင်းက ၁၆ ယောက်၊ ပဲခူးတိုင်းက ၁၅ ယောက်၊ မွန်ပြည်နယ်က ၁၁ ယောက်၊ တနင်္သာရီတိုင်းက ၃ ယောက်၊ နေပြည်တော်က ၂ ယောက်၊ မကွေးတိုင်းက ၇ ယောက်၊ ကရင်ပြည်နယ်က ၂ ယောက်၊ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁ ယောက် ဖြစ်ပါတယ်။
မန္တလေးတိုင်း အမရပူရမြို့နယ်က ၂ ယောက်၊ မကွေးတိုင်းမြို့သစ်မြို့နယ်က လူနာ ၁ ယောက်တို့ဟာ ရန်ကုန်မှာ ဆေးကုသနေသူတွေ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်က လူနာကတော့ ရန်ကုန်မှာ အသွားအလာ ကန့်သတ်ထားသူ ဖြစ်ပါတယ်။
သာကေတမြို့နယ်က ၁ ယောက်နဲ့ တောင်ဥက္ကလာပ မြို့နယ်က ၂ ယောက်ကတော့ ပဲခူးတိုင်းထဲမှာ အသွားအလာကန့်သတ်ထားသူတွေ ဖြစ်ပြီး မြောက်ဥက္ကလာပ မြို့နယ်က လူနာကတော့ မကွေးတိုင်းထဲမှာ အသွားအလာကန့်သတ်ထားသူ ဖြစ်ပါတယ်။
မနေ့ည ထုတ်ပြန်ချက်ထဲမှာ ပိုးတွေ့လူနာ ၂ ယောက် စာရင်းကျန်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ထုတ်ပြန်ပြီး ကိုဗစ်-၁၉ အတည်ပြု လူနာပေါင်း ၁၂၄၂၇ ယောက် ရှိပါတယ်။










