DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်း အားနည်းအချို့ရှိ
DVB
·
July 8, 2013
လူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်း အားနည်းအချို့ရှိ
Donate to DVB

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေကြမ်းဟာ အရင်က သမ္မတရဲ့ အမိန့်အရ ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်ရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်နဲ့ စာရင် ပိုပြီး ပြည့်စုံပေမယ့် အားနည်းချက်တချို့ ရှိတယ်လို့ လူ့အခွင့်အရေး ပညာပေးသူ ဦးအောင်မျိုးမင်းက ဒီဗွီဘီကို ပြောပါတယ်။

အစိုးရအဖွဲ့ဟာ လွှတ်တော်ကို တင်သွင်းမယ့် “မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်း” ကို အများပြည်သူ လေ့လာနိုင်ဖို့နဲ့ အကြံပေးနိုင်ဖို့ ဇူလိုင် ၇ ရက်နေ့က ထုတ်ပြန်လိုက်တာပါ။

[caption id="attachment_28032" align="alignright" width="300" caption="ဦးအောင်မျိုးမင်း"][/caption]

ဥပဒေကြမ်းမှာ ကော်မရှင်ကို အနည်းဆုံး ၉ ယောက်ကနေ ၁၅ ယောက်အထိ အရည် အတွက်နဲ့ ဖွဲ့စည်းရမယ်လို့ပဲ ပါဝင်တဲ့အတွက် အရပ်ဘက်ကပါ ပါဝင်နိုင်အောင် ဥပဒေကြမ်းမှာ ထည့်သင့်တယ်လို့ သူက ဆိုပါတယ်။

“အဲဒီကော်မရှင်က ဒီအတိုင်းဆိုရင် အစိုးရဘက်က ဖြစ်နိုင်မယ့်ပုံစံပိုများတယ်။ အဲနေရာမှာ အရပ်ဘက်ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ကော်မရှင်ပုံစံမျိုး။ ဥပမာ ဘယ်နှယောက်ပါရမယ်ဆိုတဲ့ပုံစံမျိုးဆိုရင် ပိုမိုပြီးတော့ ကွဲပြားမှုကို အားကောင်းစေနိုင်လိမ့်တယ်။”

ဒါ့အပြင် အကျဉ်းထောင်၊ အကျဉ်းစခန်းနဲ့ အချုပ်ခန်းတွေကို သွားရောက် စစ်ဆေးနိုင်တယ် ဆိုပေမယ့် လိုအပ်တဲ့အချိန် လိုအပ်သလို စစ်ဆေးနိုင်တဲ့ အခွင့်အာဏာပေးသင့် တယ်လို့ ဦးအောင်မျိုးမင်းက ထောက်ပြပါတယ်။

“လုပ်ပိုင်ချက်တွေထဲမှာ သူတို့အနေနဲ့ အစိုးရ အကျဉ်းထောင်တွေ၊ စခန်းတွေထဲမှာ သွားရောက်လေ့လာခွင့်ရှိတယ်လို့ ဖော်ပြထားတယ်။ ဒါပေမယ့် အဲဒီနေရာမှာ ကြိုတင်ခွင့်ပြုပြီးတော့ လုပ်ဆောင်ရမယ်၊ ခွင့်ပြုချက်ယူရမယ်ဆိုတဲ့အချက်ကတော့ နည်းနည်းလေး ကျနော်တို့ သိပ်အားမရဘူး။ ကျနော်တို့ရဲ့ အတွေ့အကြုံအရ ဒီလိုလာမယ်ဆိုရင် ထောင်တွေက ချက်ချင်းထုံးတွေသုတ်ပြီး အစားအသောက်တွေ ကောင်းသွားတယ်။ ပြန်လဲသွားရော အရင်တိုင်းပဲ ပြန်ဖြစ်သွားတဲ့အတွက် ကျနော့်အနေနဲ့ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ဟာ ဒီလိုမျိုးနေရာတွေကို လိုအပ်ရင်လိုအပ်သလို သွားရောက်ပြီးတော့ လုပ်နိုင်တဲ့ အခွင့်အာဏာကို ပေးသင့်တယ်လို့ ထင်ပါတယ်။”

မြန်မာနိုင်ငံမှာ အခုချိန်ထိ တရားစီရင်ရေး အားမကောင်းသေးတဲ့အတွက် အမှုမှန်တိုင်းမဖြစ်ဘဲ အရေးယူရမယ့်သူတွေ အရေးယူမခံရဘဲ လွတ်မြောက်နေသေးတဲ့အမှုတွေ ရှိနေသေးတယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013