DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံက လွတ်ရက်စေ့မြန်မာအကျဉ်းသား ၁၁၈ ဦးကို လွှဲအပ် 
DVB
·
September 30, 2020
ထိုင်းနိုင်ငံက လွတ်ရက်စေ့မြန်မာအကျဉ်းသား ၁၁၈ ဦးကို လွှဲအပ် 
Donate to DVB

ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေထဲက  လွတ်ရက်စေ့သူ ၁၁၈ ဦးကို  ထိုင်းအာဏာပိုင်တွေက မြန်မာအစိုးရထံ စက်တင်ဘာ ၂၉ ရက်နေ့က ပြန်လည်လွှဲပြောင်းပေး ခဲ့ပါတယ်။ 

အမျိုးသား ၁၀၁ ဦး အမျိုးသမီး ၁၇ ဦးပါဝင်တဲ့ မြန်မာနိုင်ငံသား ၁၁၈ ဦးကို ထိုင်း အာဏာပိုင်နဲ့ မြန်မာသံရုံးတာဝန်ရှိသူတွေက ထိုင်းတောင်ပိုင်း ရနောင်းမြို့ကနေ တနင်္သာရီတိုင်း ကော့သောင်းမြို့ရှိ တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

နေရပ်ပြန်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကော့သောင်းအခြေစိုက် FED MEC ရွှေ့ပြောင်းအလုပ်သမားအရင်းအမြစ်စင်တာ တာဝန်ခံ ကိုမိုးဝေက “သူတို့က အကြောင်းအမျိုးမျိုး ကြောင့် အဖမ်းခံထားရတဲ့သူတွေပေါ့နော်။ ခရိုင် ၁၄ ခု အကျဉ်းထောင်ကပါ။ အများအားဖြင့် ထိုင်းတောင်ပိုင်းက၊ အဲဒီထဲမှာ ရာဘာခြံအလုပ်သမားတွေရယ်  မလေးရှားကိုခိုးဝင်မယ့် ချင်းပြည်နယ်က လူတွေရယ်၊ မွန်ပြည်နယ်ကလည်း အများကြီးပါတယ်။ အဓိကကတော့ သူတို့မှာ နေထိုင်ခွင့်သက်သေအထောက်အထားမစုံလို့ အဖမ်းခံရတာပေါ့နော်။  တချို့က ပွဲစားကခေါ်လာလို့ အဖမ်းခံရတာ၊ အမှုသက်သေအဖြစ်ပဲ၊ ဒါပေမဲ့ ပွဲစားကိုမမိတော့ သူတို့လည်း ထိန်းသိမ်းခံထား ရတယ်။ တချို့လည်း လွတ်ရက်စေ့တာကြာလှပြီ ဒါပေမဲ့ ကိုဗစ်-၁၉ ကူးစက်ကာလ ခရီးသွားလာမှု ထိန်းချုပ်ထားတာကတကြောင်း၊ ကော့သောင်းမှာ ကွာရန်တင်းဝင်ဖို့ နေရာအခက်အခဲရှိတာ တကြောင်း အဲဒါတွေကြောင့်ထောင်ထဲမှာ အကြာကြီးဆက်နေခဲ့ရတယ်။ ၄ လလောက်ပဲ  နေရမယ့်ဟာကို ၉ လလောက် နေခဲ့ရသူတွေရှိတယ်။”

မြန်မာနိုင်ငံကို ပြန်ရောက်လာသူတွေကို ကော့သောင်းက စာသင်ကျောင်းတွေမှာ ဖွင့်လှစ်ထားတဲ့ ကွာရန်တင်းစင်တာမှာ ၁၄ ရက် ထားရှိမှာဖြစ်ပြီး သူတို့ဆီက ဓာတ်ခွဲနမူနာ ရယူကာ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ ဆေးစစ်သွားဖို့ ရှိနေပါတယ်။

ကွာရန်တင်းဝင်နေသူတွေအတွက်  စားရေးသောက်ရေးကိစ္စတွေလည်း ကော့သောင်းရှိ လူမှုအဖွဲ့အစည်းနဲ့ စေတနာရှင်တွေက လှူဒါန်းပေးနေတယ်ပါတယ်။ 

ကိုဗစ်-၁၉  ကာလအတွင်း  ထိုင်းနိုင်ငံက လွတ်ရက်စေ့ မြန်မာအကျဉ်းသားတွေကို လွှဲပြောင်း ပေးခဲ့တာ  ဒါဟာ ၅ ကြိမ်မြောက်ရှိပြီး လူပေါင်း ၉၀၀ ကျော်ရှိပါတယ်။ အဲဒီထဲမှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရသူ အမျိုးသား ၁ ဦးသာ တွေ့ရှိပြီး အခုပြန်လည်နေကောင်း သက်သာနေပြီလို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေဟာ  လဝကအမှု၊ ရာဇဝတ်မှု၊  မူးယစ်ဆေးဝါးမှု အပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ထောင်ဒဏ်ကျခံနေရတာဖြစ်ပြီး   ထိုင်းအကျဉ်းထောင်တွေထဲမှာ လွတ်ရက်စေ့ မြန်မာအကျဉ်းသားပေါင်း ၆၀၀ ကျော်ကျန်ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- THAIMECC 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013