ကျောက်ဆည်ဘူတာအနီး ထောင်လွတ်အကျဉ်းသားဟောင်း ၁ ဦး ရထားကြိတ်မိ သေဆုံး
DVB
·
September 30, 2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်ဘူတာ မြောက်ဘက် သံလမ်းခွဲအနီးမှာ စက်တင်ဘာ ၃၀ ရက် မနက် ၁၁ နာရီအချိန်လောက်က အမျိုးသား တစ်ဦး ရထားတိုက် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းမှာ ရထားကြိတ်ခံရတဲ့အတွက် ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်သွားပြီး ရုပ်လောင်းကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်) က သွားရောက်သယ်ဆောင်ကာ ကျောက်ဆည်ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။
သေဆုံးသူနဲ့အတူပါလာတဲ့ အကျဉ်းဦးစီးဌာနရဲ့ ထောင်ပုံစံ ၆၆ အရ သေဆုံးသူဟာ ထောင်လွှတ်အကျဉ်းသားတစ်ဦးဖြစ်တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်) တာဝန်ရှိသူက ပြောပါတယ်။
ရထားတိုက်သေဆုံးသူဟာ မလှိုင်မြို့နယ်၊ တောင်ရိုးတွဲကျေးရွာမှာ နေထိုင်သူဖြစ်တယ်လို့ သိရပြီး နယ်မြေရဲစခန်းက သေမှုသေခင်းဖွင့်လှစ်ဆောင်ရွက်ဖို့ ရှိနေပါတယ်။
သတင်း - နိုင်လင်းဦး