DVB Logo
Home
မြန်မာသတင်း
ရွှေကူမြို့နယ်၌ မြစ်ရေကြီးပြီး  စပါးနှင့် ပဲစိုက်ခင်း ဧကပေါင်း ၁၅၀၀၀ ကျော်နစ်မြုပ်
DVB
·
September 30, 2020
ရွှေကူမြို့နယ်၌ မြစ်ရေကြီးပြီး  စပါးနှင့် ပဲစိုက်ခင်း ဧကပေါင်း ၁၅၀၀၀ ကျော်နစ်မြုပ်
Donate to DVB

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာပေါင်း ၁၅ ရွာက ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့စပါးနဲ့ မြေပဲခင်း ဧကပေါင်း ၁၅၀၀၀ ကျော်လောက် ရေနစ်မြုပ်နေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ 

ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ရိုးတစ်လျှောက်က ကျေးရွာတွေနဲ့ မြေနိမ့်ပိုင်းကျတဲ့ ရွာတွေက တောင်သူတွေဟာ လယ်နဲ့ပဲအမျိုးမျိုးကို စိုက်ပျိုးကြတာဖြစ်ပြီး ဒီနှစ်မှာတော့ မြေပဲခင်းတွေ ပေါင်းရှင်းလင်းဆဲကာလမှာ ရေနစ်မြုပ်တာကြောင့် တောင်သူတွေအနေနဲ့ ဆုံးရှုံးနစ်နာမှု များစွာဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ 

“မြေပဲဆိုတာကပေါင်းပေါက်ပြီးရင်ပန်းပွင့်ပြီဗျ။ ပန်းပွင့်ချိန်မှာရေနစ်တော့ အကုန်ရှုံးပြီ” လို့ ကျောက်တလုံးကျေးရွာက တောင်သူ ကိုဝင်းအောင်ကပြောပါတယ်။ 

ရေနစ်မြုပ် ပျက်စီးသွားတဲ့အခင်းတွေရဲ့ စာရင်းတွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို တင်ခိုင်းထားပြီး စာရင်းအတိအကျမရသေးလို့ ပျက်စီးမှုကို အတည်မပြုနိုင်သေးဘူးလို့ ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

လက်ရှိဧရာဝတီမြစ်ရေဟာ ရွှေကူမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ဆက်လက် ရောက်ရှိနေပါတယ်။

သတင်း - ကျော်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013