DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့က အသက် ၉၈ နှစ်အရွယ် ကိုဗစ်-၁၉ လူနာ ရောဂါပျောက်ကင်းပြီး ဆေးရုံမှဆင်း 
DVB
·
September 30, 2020
ပုသိမ်မြို့က အသက် ၉၈ နှစ်အရွယ် ကိုဗစ်-၁၉ လူနာ ရောဂါပျောက်ကင်းပြီး ဆေးရုံမှဆင်း 
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ဆေးကုမှုခံယူနေတဲ့ အသက် ၉၈ နှစ်အရွယ် ကိုဗစ်-၁၉ လူနာ အမျိုးသမီး ၁ ဦးဟာ ရောဂါကင်းစင်လို့ စက်တင်ဘာ ၂၉ ရက်မှာ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီလို့  ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

“ကျန်းမာညီညွတ်စွာ နေထိုင်စားသောက်ပြီး ကောင်းမွန်စွာ အိပ်စက် အနားယူမှု၊ မိသားစုဝင်တွေရဲ့ ဂရုစိုက်ပြုစုမှု၊ ပုသိမ်ဆေးရုံ ကျန်းမာရေး မိသားစုများရဲ့ စနစ်တကျ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ အမေအို ကျန်းမာလာခဲ့ပါပြီ”လို့ ရေးသားဖော်ပြခဲ့တာပါ။

အသက် ၉၈ နှစ်အရွယ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတာကြောင့် ဖြစ်မှ ဖြစ်ပါမလားလို့ စိတ်တထင့်ထင့် နေခဲ့ရသမျှ ကျေနပ်ပျော်ရွှင်ခဲ့ရပါပြီလို့ ဆရာဝန်ကြီးက ဆိုပါတယ်။

တမိသားစုလုံး ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတဲ့ အသက် ၉၈ နှစ် အရွယ် အဘွားအိုဟာ ဧရာဝတီတိုင်းမှာ အသက်အကြီးဆုံး ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရသူဖြစ်ပြီး ရောဂါကင်းစင်လို့ မိသားစုဝင်တွေဖြစ်တဲ့ အသက် ၅ နှစ်အရွယ် မြေးဖြစ်သူနဲ့ ချွေးမတို့နဲ့ အတူ ဆေးရုံဆင်းခွင့်ရခဲ့ တာပါ။

ဆေးရုံအဆင်းမှာ ပြုံးပျော်နေတဲ့ အမေအိုနဲ့ အသက်(၅) နှစ်အရွယ် မြေး၊ ချွေးမတို့ကို အမှတ်တရ ဓါတ်ပုံ ရိုက်ယူခဲ့တယ်လို့လည်း  ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာရေးသားထားပါတယ်။

ပုသိမ်ပြည်သူ့ဆေးရုံကြီးမှာ ကိုဗစ်-၁၉ အတည်ပြု လူနာ ၉၂ ဦးထိရှိနေပြီး အားလုံးကတော့ ကျန်းမာရေးကောင်းမွန်က ကူးစက်ခံလူနာတွေအထဲက ၃၂ ဦး ဆေးရုံမှ ဆင်းသွားပြီဖြစ်တယ်လို့ ဆေးရုံကြီးရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - Doctor Than Min Htut (Facebook)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013