DVB Logo
Home
မြန်မာသတင်း
ဖားကန့် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများကို နှစ်ကုန်ပိုင်းမှ ပြန်တူးဖော်ခွင့်ပြုမည်
DVB
·
September 30, 2020
ဖားကန့် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများကို နှစ်ကုန်ပိုင်းမှ ပြန်တူးဖော်ခွင့်ပြုမည်
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ  ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေကို ၂၀၂၀ ဒီဇင်ဘာလပိုင်းလောက်မှသာ ပြန်လည်တူးဖော်ခွင့်ပြုမယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။ 

ဦးဒါရှီလဆိုင်းက  “ ကိုဗစ်-၁၉ ရောဂါအနေအထားပေါ်မူတည်ပြီးမှလည်း ပြန်ဖွင့်မယ့် အနေအထားဖြစ်နိုင်ပြီး ကိုဗစ်က ကူးစက်နှုန်းမြန်တဲ့အတွက် ကျောက်စိမ်းလုပ်ကွက်တွေက တူးဖော်ပြီဆိုရင် အလုပ်သမားတွေ အလုံးအရင်းနဲ့ လုပ်ရတယ်။ နောက်ပြီး ရေမဆေးရှာဖွေသမား တွေကလည်း တူးဖော်ခွင့်ပြုပြီဆိုရင် အလုံးအရင်းနဲ့ တက်လာကြမှာဆိုတော့ ဒါတွေလည်း သုံးသပ်ဖို့လိုမယ်”လို့ ပြောပါတယ်။

ကချင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ကျောက်မျက်ကုမ္ပဏီ တာဝန်ခံ ဦးဇော်အောင်က “အခုလို ကျောကိမ်းတူးဖော်ခွင့် နှစ်လတိုးရပ်နားထားရမှာဖြစ်လို့ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်း လုပ်ကိုင်ရမယ့် အချိန်နည်းပါးပြီး အလုပ်သမားခေါ်ယူဖို့ အခက်အခဲရှိတယ်။ တကယ်လုပ်ကြစို့ ဆိုရင် ဝန်ထမ်းကလည်း တခြားနေရာကိုရောက်ပြီ၊ ဆိုရင် ဘာမှလဲ ကြိုတင်ပြင်ဆင်လို့ မရတဲ့ အခြေအနေပဲ”လို့ ပြောပါတယ်။ 

ဖားကန့်ဒေသမှာ မိုးရာသီကာလအတွင်း သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ မြေပြိုခြင်း၊ နွံကန်ပေါက်ကျခြင်း မဖြစ်ပေါ်စေဖို့အတွက် ဇူလိုင်လကနေ စက်တင်ဘာလအထိ သုံးလတာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ရပ်နားထားရှိဖို့ အစိုးရကနေ ကြေညာချက် ထုတ်ပြန်ထားပြီး အခုအခါ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ၂ လထပ်တိုး သတ်မှတ်လိုက်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013