DVB Logo
Home
မေးမြန်းခန်း
ဗုဒ္ဓဂါယာပေါက်ကွဲမှုအတွင်း ဒဏ်ရာရ မြန်မာဦးဇင်း စိုးရိမ်စရာမရှိ
DVB
·
July 7, 2013
Donate to DVB

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မဟာဗောဓိဘုရားကျောင်းဝင်းမှာ ဒီမနက်အစောပိုင်း ၆ နာရီလောက်မှာ ဗုံး ၉ လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အိန္ဒိယကလာတဲ့သတင်းတွေက ဆိုပါတယ်။

မဟာဗောဓိဘုရားကျောင်းဝင်းထဲမှာ ဗုံး ၄ လုံး ပေါက်ကွဲပြီး၊ အနီးအနား ဘုန်းကြီး ကျောင်း တကျောင်းနားမှာ ၃ လုံး၊ ပေ ၈၀ မြင့် ဘုရားဆင်းတုနားမှာ ၁ လုံး၊ ဘတ်စ်ကား မှတ်တိုင်နားမှာ ၁ လုံး ပေါက်ကွဲခဲ့ကြောင်း၊

ဒါ့အပြင် မပေါက်သေးတဲ့ ဗုံး၂ လုံးကိုလည်း ရှာဖွေထိန်းသိမ်းနိုင်ခဲ့ကြောင်း ဂါယာရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ကနေဦးစုံစမ်းမှုတွေအရ လက်လုပ်ဗုံးအမျိုးအစားတွေ ဖြစ်နိုင်ပြီး ဘုရားအဆောက်အအုံပျက်စီးမှု အကြီးအကျယ်မရှိခဲ့ပေမယ့် အဲဒီ့အချိန်ပိုင်းမှာ ဘုရားဝင်းထဲ လာရောက်လည်ပတ်နေတဲ့ မြန်မာနဲ့တိဘက် ဘုန်းကြီး၂ ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အိန္ဒိယ ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မဂဓတက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားနေတဲ့ မန္တလေးတိုင်း အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်က စာသင်သားဦးဇင်း ဦးအရုဏက ပေါက်ကွဲမှုအတွင်း ဒဏ်ရာရခဲ့တဲ့ မြန်မာပြည်က စာသင်ဖို့ရောက်နေတဲ့ ဦးဇင်း အခြေအနေ စိုးရိမ်စရာမရှိဘူးလို့ မိန့်ပါတယ်။ပေါက်ကွဲမှုဖြစ်ပွားပုံနဲ့ မြန်မာပြည်က ကိုယ်တော် ဒဏ်ရာရခဲ့ပုံ ဦးအရုဏနဲ့  ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013