DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ကာလ နိုင်ငံရေးအကျဉ်းသားဟောင်း ၅၀၀ ကျော်အတွက် စားနပ်ရိက္ခာ ထောက်ပံ့
DVB
·
September 30, 2020
ကိုဗစ်ကာလ နိုင်ငံရေးအကျဉ်းသားဟောင်း ၅၀၀ ကျော်အတွက် စားနပ်ရိက္ခာ ထောက်ပံ့
1 / 5
Donate to DVB

ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကာလ ရန်ကုန်တိုင်းအတွင်းက နိုင်ငံရေးအကျဉ်းသားဟောင်း  ၅၀၄ ယောက်ကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမိသားစုက စားနပ်ရိက္ခာတွေ ထောက်ပံ့ ကူညီခဲ့ပါတယ်။

ဒီလှူဒါန်းမှုကိုတော့ ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့တဖွဲ့ဖြစ်တဲ့ We Love Yangon အဖွဲ့မှတဆင့် လှူဒါန်းခဲ့တာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း တဦးချင်းစီအတွက် ဆန် ၆ ပြည်၊ နေကြာဆီ ၅၀ ကျပ်သား ၂ ဘူး၊ ခေါက်ဆွဲခြောက်အထုပ် ၃၀ ပါ  ၁ ဖာ၊ ကော်ဖီမစ် ၃၀ ပါ အထုပ် ကြီး ၁ ထုပ်တို့ပါဝင်တဲ့ တန်ဖိုး ၂၃,၀၀၀ ကျပ်ကျသင့်တဲ့ Package တွေကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဒီအလှူနဲ့ပတ်သက်ပြီး  We Love Yangon အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ် မှတဆင့် မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ မျှဝေထားပါတယ်။

အလှူလက်ခံရရှိတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကတော့ ရန်ကုန်တိုင်းဒေသကြီး အတွင်း မြို့နယ်တွေမှာ နေထိုင်ကြသူတွေဖြစ်ကြပြီး  တခြားပြည်နယ်နဲ့ တိုင်းတွေမှာ နေထိုင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကတော့ ပါဝင်ခြင်းမရှိပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013