DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ လူအယောက် ၁၀၀ စစ်ဆေးလျှင် ၄ ယောက်နှုန်း ကိုဗစ်-၁၉ ပိုးတွေ့
DVB
·
September 29, 2020
မြန်မာနိုင်ငံ၌ လူအယောက် ၁၀၀ စစ်ဆေးလျှင် ၄ ယောက်နှုန်း ကိုဗစ်-၁၉ ပိုးတွေ့
Donate to DVB

မြန်မာနိုင်ငံမှာ စက်တင်ဘာ ၂၇ ရက်အထိ ကိုဗစ်-၁၉ စစ်ဆေးစစ်ဆေးမှုပေါင်း  ၂ သိန်းခွဲကျော် လုပ်ဆောင်ခဲ့ရာမှာ  လူအယောက်  ၁၀၀ စစ်ရင် ၄ ယောက်ကျော်နှုန်းနဲ့   ပိုးတွေ့ရှိနေပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်နေတဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်တဲ့စာရင်းဇယားတွေ အရ စက်တင်ဘာ ၂၇ ရက်အထိ ဓာတ်ခွဲနမူနာပေါင်း ၂၅၃,၇၀၄ ခုကို စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီစစ်ဆေးချက်တွေကနေ လူနာ ၁၀,၇၀၄ ယောက် တွေ့ခဲ့ရတာကြောင့် လူနာတွေ့နှုန်းက ၄ ဒသမ ၂ ရာခိုင်နှုန်းကျော် ဖြစ်ပါတယ်။ သေဆုံးသူက ၂၂၆ ယောက်ရှိလို့ သေဆုံးနှုန်းကတော့ ၂ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပြီး ကမ္ဘာတဝန်းမှာတော့ သေဆုံးနှုန်းက ၃ ရာခိုင်နှုန်းရှိနေပါတယ်။

နိုင်ငံခြားသားတွေအပါအဝင် ပြည်ပကလာသူ ၃၁၁ ယောက်မှာ ရောဂါပိုးတွေ့ခဲ့ရပြီး ၁ ယောက် သေဆုံးခဲ့သလို ကျန်တဲ့သူအားလုံးကတော့ ပြည်တွင်းမှာပဲ ကူးစက်တာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရောဂါဖြစ်ပွားမှုအခြေအနေ ခြုံငုံသုံးသပ်ချက်အရတော့ စောင့်ကြည့်လူနာတွေမှာ ပိုးတွေ့တာက ၁၇ ရာခိုင်နှုန်းကျော်၊ အသွားအလာ ကန့်သတ်ထားသူ တွေမှာ ပိုးတွေ့တာက သုည ဒသမ ၉၈ ရာခိုင်နှုန်းနဲ့ ပိုးတွေ့လူနာနဲ့ အနီးကပ်ထိတွေ့သူတွေဆီမှာ ပိုးတွေ့ရာခိုင်နှုန်းက ၂၀ ရာခိုင်နှုန်းကျော်ဖြစ်ပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့မှာ သံသယနဲ့စောင့်ကြည့်လူနာပေါင်း ၁,၄၀၄ ယောက်၊ ဆေးရုံကွာရန်တင်းမှာ ၅၄၉ ယောက်နဲ့ သတ်မှတ်စောင့်ကြည့်နေရာတွေမှာ ၄၆,၃၆၆ ယောက် ရှိနေပါတယ်။

စက်တင်ဘာ ၂၈ ရက်ညအထိ  ကိုဗစ်-၁၉  လူနာသစ်  ၈၉၇  ယောက်၊ သေဆုံးသူ အယောက် ၃၀ထပ်တိုးလာပြီး မြန်မာနိုင်ငံမှာ ရောဂါအတည်ပြုလူနာပေါင်း  ၁၁,၆၃၁ ယောက်နဲ့ သေဆုံးသူ ၂၅၆ ယောက် ရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013