Home
မြန်မာသတင်း
မြစ်ကြီးနား-ပူတာအိုလမ်းပျက်စီးပြီး ခရီးသွားပြည်သူများ လမ်းပန်းဆက်သွယ်ရေး အခက်ကြုံ
DVB
·
September 29, 2020
120301710_2672142999780308_503134501401125940_n
120195759_2672143146446960_216697073042033481_n
120146201_2672143099780298_3276961470928276033_n
120131449_2672143269780281_820900755694459224_n
120111535_2672142946446980_4187425880112422492_n
မြစ်ကြီးနား-ပူတာအိုကားလမ်းဟာ စက်တင်ဘာ ၂၆ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုကျပျက်စီးကာ  ခရီးသွားပြည်သူတွေ လမ်းပန်းဆက်သွယ်ရေး အခက်ခဲ‌ တွေ့ကြုံ‌‌နေရပါတယ်။ အခုလိုလမ်းပျက်နေတဲ့အတွက် ခရီးသည်တွေဟာ  လမ်းခရီးတစ်၀က်မှာဘဲ ကြန့်ကြာ‌နေပြီး အခက်ခဲမျိုးစုံတွေ့ကြုံရတယ်လို့ ခရီးသည် ဒေါ်ဆိုင်းနန် ပြောပါတယ်။  “ကျမတို့ မြစ်ကြီးနားက တက်လာတာ ၂၇ ရက်မှာပါ။ မိုးအဆက်မပြတ်ရွာနေလို့ လမ်းတွေ ပြိုကျတယ်။ ကျမတို့က ဆိုင်ကယ်နဲ့လာတာဆိုတော့ ၄-၅ယောက် ဝိုင်းထမ်းပြီး ဖြတ်ကျော်လာခဲ့ ရပါတယ်။ ကားသမားတွေအတွက်တော့  လမ်းမပြုပြင်၊ မရှင်းရ‌သေးဘူး‌ဆို‌တော့ အခက်အခဲ ဖြစ်ပါတယ်။ ဒါကြောင့် ကားသမားတွေကနောက်မှာ ကျန်ခဲ့ပါတယ်။  လမ်းအဓိကပြိုကျနေတာက  တီယန်ဇွပ် မရောက်ခင်နားမှာပါ ခုလိုလမ်းပြိုကျနေလို့ လမ်းကတော်တော်ဆိုးတယ်"လို့ ဆိုပါတယ်။  လမ်းဆောက်လုပ်ရေး အဖွဲ့တွေကတော့  လမ်းရှင်းလင်းပြုပြင်ရေးလုပ်ငန်းတွေ ဆောင်ရွက် နေပါတယ်။ လမ်းက ပိတ်ထားခြင်းမရှိဘဲ ကားတွေလည်း ဆွမ်ဘရာဘွမ်ထိ တချို့ ရောက်လာတယ်လို့ ဆွမ်ဘရာဘွမ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ မြစ်ကြီးနား -ပူတာအိုကားလမ်းဟာ နှစ်တိုင်းလို မိုးရာသီရောက်တိုင်း လမ်းပြိုကျမှုတွေ တွေ့ ကြုံရပြီး ခရီးသွားပြည်သူတွေ လမ်းပန်းဆက်သွယ်ရေး အခက်ခဲတွေ့ကြုံရလေ့ရှိပါတယ်။ သတင်း - ဖေနောင်းအောင်(ပူတာအို)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024