
ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ အမြန်စစ်နိုင်တဲ့ ကိရိယာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေး စစ်ဆေးမှာ ဖြစ်ပါတယ်လို့ ကျန်းမာရေးဌာနက သိရပါတယ်။
ပြီးရင် စောင့်ကြည့်လူနာတွေ၊ အရေးပေါ် ခွဲစိတ်ကုသရမယ့် ကိုယ်ဝန်ဆောင်တွေ၊ လူနာတွေ၊ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့သူတွေကို စစ်ဆေးမယ်လို့ လုပ်ငန်းလမ်းညွှန်မှာ ဖော်ပြထား ပါတယ်။
စစ်ဆေးလို့ ပိုးတွေ အဖြေထွက်ခဲ့ရင် အနံ့မရတာဖြစ်ပြီး တခြား ကိုဗစ်-၁၉ လက္ခဏာ မရှိတဲ့လူနာတွေကို သက်ဆိုင်ရာ ကိုဗစ်ကော်မတီရဲ့ အစီအစဉ်နဲ့ အနံ့မရသူတွေ သီးသန့်ထားတဲ့ နေရာကို ပို့မှာ ဖြစ်ပါတယ်။
သာမာန်နဲ့ လက္ခဏာ အသင့်အတင့်ရှိသူတွေကိုတော့ လူနာရောက်နေတဲ့ ဆေးရုံ ဒါမှမဟုတ် ကိုဗစ်-၁၉ ကုသရေးဌာနတွေကို ပို့မှာ ဖြစ်ပါတယ်။
လက္ခဏာပြင်းထန်တာ၊ တခြားရောဂါအခံရှိသူတွေကိုတော့ ကျန်းမာရေးဌာနရဲ့ အစီအစဉ်နဲ့ ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဆေးရုံကြီး၊ တောင်ဥက္ကလာပ ဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီး၊ သင်္ဃန်းကျွန်းဆေးရုံကြီး၊ ဝေဘာဂီဆေးရုံကြီးနဲ့ ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးဌာနတို့ထဲက တခုခုကို ပို့မှာ ဖြစ်ပါတယ်။










