DVB Logo
Home
မြန်မာသတင်း
မင်းလှမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဦး ထပ်မံတွေ့ရှိ
DVB
·
September 29, 2020
မင်းလှမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၇ ဦး ထပ်မံတွေ့ရှိ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မှာ စက်တင်ဘာ ၂၈ ရက်က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၇  ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။

မင်းလှမြို့နယ်၊ စစ်ကွင်း အ.ထ.က ကွာရန်တင်း စင်တာက ၁ ဦး၊ ‌မူလွန် အင်းဘုတ်ကုန်း ကွာရန်တင်းစင်တာက  ၂ ဦး၊ မူလွန် ရှားတောကွင်း  ကွာရန်တင်းစင်တာက ၂ ဦး၊ မူလွန် ရေကြည် ကွာရန်တင်းစင်တာက  ၁ ဦး ၊‌ အမက ဒီလှိုင်းကွာရန်တင်းစင်တာက ၁ ဦးတွေ့ရှိရပြီး ပိုးတွေ့သူ ၇ ဦးလုံးဟာ အသွားအလာ ကန့်သတ်ထားသူတွေဖြစ်တယ်လို့ မင်းလှ ကျန်းမာရေးဦးစီးဌာနက သိရှိရပါတယ်။

ဓာတ်ခွဲနမူနာ ၂၁၈ ခုကို စက်တင်ဘာ ၂၂ ရက်က အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)(NHL)ကို ပေးပိုးစစ်ဆေးခဲ့ရာကနေ ၇ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး သူတို့အားလုံးက ကွာရန်တင်းဝင်နေသူတွေဖြစ်ကာ ရန်ကုန်က ပြန်လာသူတွေ ဖြစ်ပါတယ်။

မင်းလှမြို့နယ် စစ်ကွင်းမြို့ရှိ အတည်ပြုလူနာကို စစ်ကွင်းဆေးရုံးမှာထားရှိမည်ဖြစ်ပြီး၊ ကျန်အတည်ပြုလူနာ ၆ ဦးကိုတော့ မင်းလှဆေးရုံမှာ ထားရှိမယ်လို့ မင်းလှဆေးရုံအုပ်ကြီး ဒေါက်တာလှဝင်းက ပြောပါတယ်။

မင်းလှဆေးရုံမှာ အတည်ပြုလူနာတွေထားဖို့နေရာ ပြင်ဆင်တဲ့လုပ်ငန်းတွေကို မင်းလှ လူမှုကယ်ဆယ်ရေးအသင်းနဲ့ စေတနာရှင်ကယ်ဆယ်ရေးအသင်းတို့မှ ပူပေါင်းဆောင်ရွက်ပေးခဲ့ပြီး အတည်ပြုလူနာတွေကို သွားရောက်ခေါ်ဆောင်ရာမှာလည်း မင်းလှလူမှုကယ်ဆယ်ရေးအသင်း၊ စေတနာရှင်ကယ်ဆယ်ရေးအသင်း၊ ဖြူစင်မေတ္တာအသင်း၊ စိန်ကန့်လန့်လူမှုကယ်ဆယ်ရေး အသင်းတို့က ဆေးရုံကားတွေနဲ့  သွားရောက်ခေါ်ဆောင်ခဲ့တယ်လို့ မင်းလှလူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

စက်တင်ဘာ ၂၈  ရက်အထိ  မင်းလှမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉ ဦး ရှိသွားပြီဖြစ်ပါတယ်။

သတင်း - သက်နိုင်ဝင်း(CJ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013