DVB Logo
Home
မြန်မာသတင်း
ကေအန်ယူက ပို့ကုန်သွင်းကုန်နှင့် ခရီးသွားလုပ်ငန်းကုမ္ပဏီဖွင့်
DVB
·
July 5, 2013
ကေအန်ယူက ပို့ကုန်သွင်းကုန်နှင့် ခရီးသွားလုပ်ငန်းကုမ္ပဏီဖွင့်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၇ က မိုးကိုစံ ပို့ကုန်သွင်းကုန်နဲ့ ခရီးသွားလုပ်ငန်းကုမ္ပဏီကို တည်ထောင်လိုက်ပြီး ကရင်ပြည်နယ် မြ၀တီမြို့ အမှတ် ၂၀၁ သီရိမင်္ဂလာလမ်း  ကုန်းမြင့်သာ ရပ်ကွက်မှာ မနေ့က ရုံးခန်းဖွင့်လိုက်ပါတယ်။

ကေအန်ယူ တပ်မဟာ ၇ ကို ကိုယ်စားပြုတဲ့အနေနဲ့ ကုမ္ပဏီကို တရားဝင် ဖွင့်လှစ်ခွင့်ရ တာဖြစ်ပြီး မကြာခင်မှာ ပို့ကုန်သွင်းကုန်လုပ်ငန်းကို စတင်လုပ်ဆောင်မယ်လို့ ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာ စောမိုးဇက်က ပြောသည်။

“အစိုးရဆီမှာ ကုမ္ပဏီတည်ထောင်ခွင့်ကို နေပြည်တော်မှာ ဖွဲ့စည်းပါတယ်။ အစိုးရခွင့်ပြုချက်က ပို့ကုန်သွင်းကုန်လုပ်ငန်းက ၅ လပိုင်း ၄ ရက်နေ့ကကျတယ်။ ခရီးသွားလုပ်ငန်းကတော့ ၆ လပိုင်း ၈ ရက်နေ့ကကျတယ်။ ၇ လပိုင်းမှာ စဖွင့်လိုက်တာပါ။ ပို့ကုန်သွင်းကုန်လုပ်ငန်းကတော့ စတော့မယ်၊ စိုက်ပျိုးရေးသုံးပစ္စည်းတွေနဲ့ စိုက်ပျိုးရေးသုံး စက်ကိရိယာပစ္စည်းတွေ တင်သွင်းမယ်။ အိမ်ဆောက်ပစ္စည်းတွေ တင်သွင်းမယ်။ မော်တော်ယာဉ်၊ လောင်စာ၊ စက်သုံးဆီ ၃ မျိုး။”

ပို့ကုန်သွင်းကုန်လုပ်ငန်းကို မကြာခင်စတင်တော့မှာဖြစ်ပေမယ့် ခရီးသွားလုပ်ငန်းကိုတော့ ၁၀ လပိုင်းလောက်မှ ခွင့်ပြုချက်ကျလိမ့်မယ်လို့ ပြောပါတယ်။
မြန်မာအစိုးရနဲ့  အပစ်ခတ်ရပ်စဲရေး သဘောတူထားတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲက တရားဝင် ကုမ္ပဏီထောင်ပြီး လုပ်ငန်းစတာ ပထမဆုံး ဖြစ်ပါတယ်။

ဒီတရားဝင် ကုမ္ပဏီကနေ ရလာတဲ့ အကျိုးအမြတ်တချို့ကို တပ်မဟာ ၇ က တပ်မိသားစုတွေကို ပြန်လည်ကြည့်ရှုထောက်ပံ့မယ်လို့ ပြောပါတယ်။

မြန်မာအစိုးရနဲ့ ကေအန်ယူတို့ ငြိမ်းချမ်းရေးဖော်ဆောင်နေစဉ်ကာလအတွင်း နိုင်ငံရေးအရ ခိုင်မာသော အာမခံချက် မရှိသရွေ့ စီးပွားရေးလုပ်ငန်းတွေကို စနစ်တကျ သေချာစောင့်ကြည့်ပြီးမှ ရှေ့ဆက် တိုးချဲ့လုပ်ဆောင်သွားမယ်လို့ စောမိုးဇက်က ပြောပါတယ်။

ကေအန်ယူနဲ့ အစိုးရအကြား နှစ်ပေါင်း ၆၀ ကျော် တိုက်ခိုက်နေရာက ၂၀၁၂ ခု ဇန်န၀ါရီ ၁၂ ရက်နေ့မှာ အပစ်အခတ်ရပ်စဲဖို့ ကရင်ပြည်နယ် ဘားအံမြို့မှာ လက်မှတ်ထိုးခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းတွေ့ဆုံမှုတွေမှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ခဲ့ပြီး အခု စီးပွားရေးရုံး ထပ်မံ ဖွင့်လိုက်တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013