DVB Logo
Home
မြန်မာသတင်း
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကွာရန်တင်းစင်တာ အသစ် ၁ ခု အမြန်ဖွင့်လှစ်
DVB
·
September 29, 2020
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကွာရန်တင်းစင်တာ အသစ် ၁ ခု အမြန်ဖွင့်လှစ်
1 / 5
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၈၉ ရပ်ကွက်ရှိ အ.ထ.က (၅) စာသင်ကျောင်းကို ကွာရန်တင်းစင်တာအဖြစ် အမြန်ဆုံးဖွင့်နိုင်ဖို့  မြို့နယ် အုပ်ချုပ်ရေး အာဏာပိုင်တွေက ဆောင်ရွက်နေပါတယ်။ 

လူအယောက် ၃၀၀ လောက်ထားရှိနိုင်မယ့် ကွာရန်တင်းစင်တာကို စက်တင်ဘာ ၂၈ ရက်နေ့ အပြီးသတ်လုပ်ဆောင်နေပြီး ကိုဗစ်-၁၉  Positive လူနာနဲ့  ထိတွေ့သူတွေနဲ့ နေအိမ်မှာ ကွာရန်တင်းဝင်နေသူတွေကို ဒီနေ့ စတင် ထားရှိတော့မှာဖြစ်ပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ်ထဲမှာ အရင်က ကွာရန်တင်းစင်တာ  ၂ ခုဖွင့်လှစ်ခဲ့ပြီး အခြေခံပညာ စာသင်ကျောင်းတွေကိုပဲ  စင်တာအဖြစ် ပြုလုပ်ထားတာဖြစ်ပါတယ်။ 

လက်ရှိ စင်တာ ၂ ခုဟာ နေရာအခက်အခဲရှိတဲ့အတွက်ကြောင့် လူအနည်းငယ်သာ ထားရှိနိုင်လို့  နောက်ထပ်အသစ်တစ်ခုထပ်ဖွင့်တာလို့ ဒဂုံဆိပ်ကမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ပြောပါတယ်။

 "ဒီ  စင်တာတွေအတွက် အဆင်ပြေအောင် မြို့နယ်အဆင့်အနေနဲ့ပဲ အလှူငွေတွေကို သက်ဆိုင်ရာ ပရဟိတအဖွဲ့အစည်းတွေနဲ့အတူ တောင်းခံနေပြီး PPE ဝတ်စုံတွေတော့ အနည်းငယ်လိုအပ်နေပါတယ်။ နာရေးကူညီမှုအသင်းတွေ၊ တခြားအဖွဲ့အစည်းတွေကပဲ  စေတနာ့ဝန်ထမ်းတွေအနေနဲ့ ကူညီပေးနေကြပါတယ်။ ကုန်ကျမယ့် ငွေတွေကိုလည်း တိုင်းအစိုးရအဖွဲ့ကိုတင်ပြထားပါတယ်။"

ဒဂုံဆိပ်ကမ်းမြို့နယ်မှာ သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၉ ယောက်အထိ ရှိနေပါတယ်။

အမှတ် (၉၄) ရပ်ကွက်က ကူးစက်ခံရသူအများဆုံးဖြစ်ပြီး သေဆုံးသူ ၁ ယောက်ရှိတယ်လို့ သိရပါတယ်။

 သတင်း - အိသဇင်ခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013