DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ ဗကသကျောင်းသား ၈ ဦးကို ရုံးထုတ် စစ်ဆေး
DVB
·
September 28, 2020
ဖမ်းဆီးခံ ဗကသကျောင်းသား ၈ ဦးကို ရုံးထုတ် စစ်ဆေး
1 / 7
Donate to DVB

ရခိုင်ပြည်နယ်အရေး ဆန္ဒပြလို့  ဖမ်းဆီးခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသား ၈ ဦးကို ဒီနေ့မွန်းလွဲပိုင်းက ချမ်းအေးသာဇံမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။

ဗကသ ကျောင်းသားတွေဖြစ်တဲ့ ကိုကျော်သီဟရဲကျော်၊ ကိုသက်မောင်မောင်၊ ကိုစိုးလှနိုင်၊ ကိုရဲရင့်အောင်၊ ကိုညီညီမင်းထက်ဝေ၊ ကိုသုတညီညီ၊ ကိုလှထွန်းအောင်နဲ့ ကိုအောင်ခိုင်မင်းတို့ ၈ ဦးကို ရဲအင်အားအလုံးအရင်းနဲ့ လက်နက်တွေကိုင်ဆောင်ဝန်းရံပြီး ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။

ရုံးထုတ်ရာမှာ သတင်းမီဒီယာတွေကို သတင်းယူခွင့်မပေးသလို  ဓာတ်ပုံရိုက်ယူနေချိန်မှာ ရဲတပ်ဖွဲ့ဝင်တဦးက ကင်မရာကို လက်နဲ့ကာတာနဲ့  တရားရုံးဝင်းနာကပ်သူတွေကို ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၁၀  ရက်က မန္တလေးမြို့ စျေးချိုနာရီစင်ရှေ့မှာ ခွင့်ပြုမိန့်မတင်ဘဲ ဆန္ဒပြခဲ့လို့ ဖမ်းဆီးခံကျောင်းသား ၈ ယောက် အပါအဝင် ကျောင်းသား ၁၃ ဦးကို ငြိမ်းစုစီ ဥပဒေနဲ့ ရဲတပ်ဖွဲ့က တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ဒီအမှုမှာ ပါဝင်တဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုမျိုးချစ်ဇော်(ခ) ကိုဘချစ်ကိုတော့  စက်တင်ဘာ ၂၄ ရက်က ချမ်းအေးသာဇံမြို့နယ် တရားရုံးမှ အလုပ်နဲ့ ထောင်ဒဏ် (၁) လ ချမှတ်ခဲ့ပါတယ်။

ဗကသကျောင်းသားတွေထဲက  ကိုရဲရင့်အောင်၊ ကိုစိုးလှနိုင် နဲ့ ကိုကျော်သီဟရဲ ကျော်တို့ကတော့  စက်တင်ဘာ ၂၅  ရက်က စျေးချိုနာရီစင်ရှေ့မှာ  ထပ်ဆန္ဒပြခဲ့တဲ့အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်ကို လိုက်နာရန် တမင် ပျက်ကွက်တဲ့အပြင်  လူစုလူဝေး ဖြစ်အောင်လုပ်တယ်ဆိုပြီး  သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မတွေနဲ့လည်း  အမှုဖွင့် ခံထားရပါတယ်။

ဒါ့အပြင် ကိုစိုးလှနိုင်နဲ့ ကိုကျော်သီဟရဲကျော်တို့ဟာ ချမ်းအေးသာဇံမြို့နယ် တရားရုံးနဲ့ အမရပူရမြို့နယ် တရားရုံးမှာလည်း ပုဒ်မ ၅၀၅  နိုင်ငံတော် အကြည်အညို ပျက်စေမှုနဲ့လည်း အမှုဖွင့်ခံထားရပါတယ်။

Photo - Kaung Zaw Hein / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013