DVB Logo
Home
မြန်မာသတင်း
အတည်ပြုလူနာသစ် ၈၈၀ တွင် ရန်ကုန်တိုင်းက ၇၆၉ ဦးဖြင့် အများဆုံးဖြစ်
DVB
·
September 27, 2020
အတည်ပြုလူနာသစ် ၈၈၀ တွင် ရန်ကုန်တိုင်းက ၇၆၉ ဦးဖြင့် အများဆုံးဖြစ်
Donate to DVB

စက်တင်ဘာ ၂၆ ရက်နေ့ စစ်ဆေးအတည်ပြုခဲ့တဲ့ ကိုဗစ်-၁၉ လူနာ ၈၈၀ ထဲမှာ ရန်ကုန်တိုင်းက ၇၆၉ ယောက်နဲ့ အများဆုံးဖြစ်တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်းထဲ လူနာ အများဆုံးတွေ့တဲ့ မြို့နယ်တွေကတော့ လှိုင်သာယာမြို့နယ်က ၆၅ ယောက်၊ တွံတေးမြို့နယ်က ၆၃ ယောက် နဲ့ မြောက်ဥက္ကလာပက ၅၇ ယောက်ပါဝင်နေပါတယ်။ 

ရန်ကုန်တိုင်းထဲက ၄၂ မြို့နယ်က လူနာတွေပါဝင်ပြီး ၁ ယောက်ကတော့ နေရပ် စိစစ်ဆဲလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က ၃၅ ယောက်၊ ဧရာဝတီတိုင်းက ၁၁ ယောက်၊ မန္တလေးတိုင်းက ၄ ယောက်၊ ပဲခူးတိုင်းက ၁၇ ယောက်၊ စစ်ကိုင်းတိုင်းက ၆ ယောက်၊ မွန်ပြည်နယ်က ၁၃ ယောက်၊ နေပြည်တော်က ၁၅ ယောက်၊ ကရင်ပြည်နယ်က ၂ ယောက်၊ မကွေးတိုင်းက ၆ ယောက်၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်တို့က ၁ ယောက်စီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013