DVB Logo
Home
မြန်မာသတင်း
ကိုဗစ်စည်းကမ်းချက်မလိုက်နာသဖြင့် ၁ ပတ်အတွင်း အရေးယူထားသူ ၅၂၅ ဦးရှိ
DVB
·
September 27, 2020
ကိုဗစ်စည်းကမ်းချက်မလိုက်နာသဖြင့် ၁ ပတ်အတွင်း အရေးယူထားသူ ၅၂၅ ဦးရှိ
Donate to DVB

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်မလိုက်နာတာကြောင့် တပတ်အတွင်း အရေးယူခံခဲ့ရသူ ၅၂၅ ယောက် ရှိတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

ကိုဗစ်-၁၉ ရောဂါ သတ်မှတ်စည်းကမ်းချက်တွေ မလိုက်နာတဲ့ ကေတီဗွီ၊ ဘားနဲ့ တရားမဝင်အနှိပ်ခန်းဖွင့်လှစ်နေမှုတွေ၊ ညမထွက်ရအချိန် ကျော်လွန်ပြီး အကြောင်းမဲ့ သွားလာနေမှုတွေ၊ နှာခေါင်းစည်းမတပ်ဆင်ဘဲ စည်းကမ်းမဲ့သွားလာနေမှုတွေကို အရေးယူခဲ့တာလို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၉ ရက်မှ ၂၅ ရက်အထိ တပတ်အတွင်း ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက ပြည့်တန်ဆာအိမ် ၂ အိမ်၊ တရားမဝင် ကေတီဗွီဆိုင် ၁ ဆိုင်တို့က ပိုင်ရှင်၊ မန်နေဂျာ၊ လုပ်ကိုင်သူ တရားခံ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁၈ ဦး၊ စုစုပေါင်း ၂၆ ဦးကို အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

ညမထွက်ရအမိန့် ကျူးလွန်တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အရေးယူခဲ့ရတဲ့ အမှုပေါင်း ၇၃ မှု၊ ကျူးလွန်သူ အမျိုးသား ၁၄၁ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၄၉ ဦး နဲ့ နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာတာကြောင့် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ-၁၅ နဲ့ အမှုပေါင်း ၃၀၄ မှု၊ ကျူးလွန်သူ အမျိုးသား ၂၇၂ ဦး၊ အမျိုးသမီး ၇၈ ဦး၊ စုစုပေါင်း ၃၅၀ ဦးတို့ကို အသီးသီး အရေးယူဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နှာခေါင်းစည်းမတပ်ဆင်ဘဲ သွားလာတာကြောင့် အရေးယူရတဲ့အမှု မလျော့ကျသွားဘဲ တိုးလာနေလို့ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့နဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်တွေကို အလေးထား လိုက်နာဆောင်ရွက်ကြေဖို့ ရဲတပ်ဖွဲ့က အသိပေးနှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013