DVB Logo
Home
မြန်မာသတင်း
အိန္ဒိယရောက် မြန်မာရေလုပ်သား ၁၃၀ ခန့် ပြန်လာနိုင်ရေး အမ်အေအိုင် ကူမည်
DVB
·
July 4, 2013
အိန္ဒိယရောက် မြန်မာရေလုပ်သား ၁၃၀ ခန့် ပြန်လာနိုင်ရေး အမ်အေအိုင် ကူမည်
Donate to DVB

ပြီးခဲ့တဲ့မေလအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ မဟာစင်မုန်တိုင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် အိန္ဒိယနိုင်ငံဘက် ရေမျောကမ်းတင်ရောက်နေတဲ့ မြန်မာရေလုပ်သား ၁၃၀ လောက္ကို ကမ္ဘောဇလုပ်ငန်းစုက သူပိုင်ဆိုင်တဲ့ အမ်အေအိုင် လေကြောင်းလိုင်းနဲ့ လာမယ့် ဇူလိုင် ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

မြန်မာရေလုပ်သားတွေ ပြန်လာနိုင်ဖို့ အစိုးရက အကူအညီတောင်းတာကြောင့် အခုလို ကူညီတာလို့ အမ်အေအိုင်လေကြောင်းလိုင်းရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါ်အေးမရသာက ဒီဗွီဘီကို ပြောပါတယ်။

“မေလမှာ မဟာစင်မုန်တိုင်းဖြစ်သွားတော့ မြန်မာနိုင်ငံရေလုပ်သားတွေ အိန္ဒိယနိုင်ငံမှာ ရေမျောကမ်းတင်ရောက်နေကြတာ၊ ၁၃၀ ကျော်လောက်ရှိတယ်လို့ သတင်းရထားတယ်။ အမ်အေအိုင်နဲ့ ကမ္ဘောဇနဲ့ ပူးပေါင်းပြီး အခမဲ့လှူဒါန်းမှုအစီအစဉ်နဲ့ သွားခေါ်ပေးဖို့ စီစဉ်ခဲ့တယ်။ သက်ဆိုင်ရာ လူကြီးတွေ ညှိပြီးတော့ သွားခေါ်လို့ရပြီဆိုတော့ ဇူလိုင်လ ၁၀ ရက်နေ့ကျရင် စင်းလုံးပြည့်လေယာဉ်နဲ့ သွားခေါ်ပေးမယ်။ မဟာစင်ကလူတွေရော၊ ဒုက္ခသည်စခန်းထဲရောက်နေတဲ့ ရေလုပ်သားတွေလည်း ပါမယ်။”

မြန်မာရေလုပ်သား ၁၃၀  လောက် လိုက်ပါလာမယ့် လေယာဉ်ဟာ ဇူလိုင် ၁၀ ရက်နေ့ နေ့လယ် ၁ နာရီခွဲဝန်းကျင်လောက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆိုက်ရောက်မှာ ဖြစ်ပါတယ်။
မြန်မာရေလုပ်သား ၁၃၀ လောက်ကို လေယာဉ် ၁ စီးလုံးနဲ့ အခမဲ့ပြန်လည်ပို့ဆောင်ပေးတဲ့ ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၃ သောင်း ဝန်းကျင်လောက်ရှိတယ်လို့ ဆိုပါတယ်။

အမ်အေအိုင်လေကြောင်းနဲ့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ မလေးရှားနိုင်ငံက မြန်မာအလုပ်သမား အရေအတွက်က ၁၄၀၀ လောက် ရှိပါပြီ။ လေကြောင်းလိုင်းဘက်က မြန်မာနိုင်ငံဘက်ကို ပြန်သယ်ယူလာပေးတဲ့ အကြိမ်အရေအတွက်က ၈ ခေါက်ပါ။

ကမ္ဘောဇစီးပွားရေးလုပ်ငန်းစုတင် မဟုတ်ဘဲ ထူးကုမ္ပဏီအုပ်စုနဲ့ ဧရာဝတီဖောင်ဒေးရှင်း အစရှိတဲ့ မြန်မာနိုင်ငံရဲ့ လူသိများတဲ့ တခြားစီးပွားရေးလုပ်ငန်းရှင်တွေကလည်း အပြိုင်အဆိုင် ကူညီလှူဒါန်းမှုတွေကို ဆက်တိုက်ပြုလုပ်ပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013