DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသား ၁၀၀ ခန့် နှစ်ပတ်အတွင်း လွတ်မည်ဟု ခန့်မှန်း
DVB
·
July 4, 2013
Donate to DVB

လာမယ့် ၂ ပတ်လောက်အတွင်း နိုင်ငံရေးအကျဉ်းသား ၁၀၀ လောက် လွတ်ဖို့ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်က ဦးညိုထွန်းက ခန့်မှန်း ပြောကြားလိုက်ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်မတိုင်မီ လွှတ်ဖို့ရှိတဲ့အကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းကလည်း အလားတူခန့်မှန်း ပြောဆိုနေကြပါတယ်။

အခု လွတ်မြောက်လာဖို့ရှိတဲ့သူတွေထဲ မတရားအသင်းအက်ဥပဒေနဲ့ ဖမ်းခံထားရတဲ့သူတွေ များတယ်လို့ ဦးညိုထွန်းက ပြောပါတယ်။

“၁၀၀ ကျော်လောက်တော့ လွတ်မယ်ခန့်မှန်းတယ်။ ကျန်နေတာက မတရားအသင်းပုဒ်မတွေ ၁၇ (၁)(၂)နဲ့ ကျန်နေတာတွေ များတယ်လေ။ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကို အထောက်အကူပြုတဲ့အနေနဲ့ သက်သေပြတဲ့အနေနဲ့ လွှတ်ပေးမယ်လို့ ထင်တယ်။”

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၊ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ရဲ့ စာရင်းတွေအရ လက်ကျန်နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ရှိနေသေးတယ်လို့ ဆိုပါတယ်။
သမ္မတ နိုင်ငံခြားခရီးထွက်ခါနီးတိုင်း နိုင်ငံရေးအကျဉ်းသား လွှတ်ပေးလေ့ရှိတဲ့အပေါ် ဦးညိုထွန်းက

“တိုက်ဆိုင်တာလား၊ ဒီလို ခရီးစဉ်တွေရှိမှ လွှတ်တယ်ဆိုတဲ့အပေါက်က ခန့်မှန်းရခက်ပါတယ်” လို့ ပြောပါတယ်။

သမ္မတဦးသိန်းစိန်ကတော့ သူ့မိန့်ခွန်းတခုမှာ ဒီကိစ္စကို ငြင်းဆိုထားပြီး နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးချင်ပါတယ်လို့ ပြောဖူးပါတယ်။

လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီဥက္ကဋ္ဌ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ကော်မတီအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တခြားအကျဉ်းသားတွေနဲ့အတူ မထားဘဲ အဆင့်တခုနဲ့ထားဖို့ သမ္မတထံ တင်ပြသွားဖို့ရှိတယ်လို့ ပြီးခဲ့တဲ့ လထဲ ပြုလုပ်ခဲ့တဲ့ ကော်မတီ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဖွဲ့စည်းခဲ့တဲ့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလကနေ အခုအချိန်ထိ အကျဉ်းသား ၂ ကြိမ်လွှတ်ပေးခဲ့တဲ့ထဲ နိုင်ငံရေးအကျဉ်းသား ၉၀ လောက် ပါဝင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013