DVB Logo
Home
ကျန်းမာရေး
COVID-19 ကာကွယ်ရေးနည်းလမ်းများကို ထပ်မံသတိပေးခြင်း (ဆောင်းပါး)
DVB
·
September 26, 2020
COVID-19 ကာကွယ်ရေးနည်းလမ်းများကို ထပ်မံသတိပေးခြင်း (ဆောင်းပါး)
Donate to DVB

ယခုအချိန်မှာလူသားအားလုံးကိုခြောက်လှန့်နေတာဟာ COVID-19 ကပ်ရောဂါဆိုးကြီးပါ။ ဒီတစ်ခေါက်ရောဂါကူးစက်ခြင်းဟာ ဒုတိယလှိုင်းဖြစ်တာကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ လူအားလုံးနီးပါး ဟာ ကာကွယ်ဖို့နည်းလမ်းတွေကိုသိထားနှင့်ပြီးသားပါ။ ဒါဟာလည်းကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ဖေ့ဘွတ်နဲ့ အခြားလူမှုကွန်ယက်စာမျက်နှာတွေကဖော်ပြပေးထားတဲ့ ကျန်းမာရေးသတိပေးချက်တွေ ကြောင့်ဆိုလည်း မမှားပါဘူး။ မီးသတ်၊ ကြက်ခြေနီစတဲ့ အသင်းအဖွဲ့တွေအပြင် တီဗွီ၊ မီဒီယာတွေကလည်း အလျဉ်းသင့်သလို ပညာပေးထားကြပါတယ်။

သို့သော်လည်း သတိမမူ ဂူမမြင်ဆိုတဲ့ စကားအတိုင်း ယခုထိနည်းလမ်းတွေ၊ အမူအရာတွေ မှားယွင်းနေကြသူတွေ ရှိနေပါသေးတယ်။ Mask တပ်ပုံချွတ်ပုံမှားနေတာမျိူးဟာ ထောက်ပြစရာ အကောင်းဆုံးသာဓကပါ။ ဒါဟာလည်း အပြစ်မဟုတ်ပါ။ ယခု COVID-19 သည်ယနေ့မျိူးဆက်အတွက် ပထမဆုံးသောကပ်ရောဂါဖြစ်တာမို့ အတွေ့အကြုံမရှိခဲ့ကြလို့ပါ။

ဒီဆောင်းပါးမှာတော့ လက်တွေ့ကျတဲ့ COVID-19 ကာကွယ်ခြင်းနည်းလမ်းများကို အနှစ်ချုပ်ပြန်ပြောပြထားပါတယ်။ ပါဝင်တဲ့အကြောင်းအရာ တွေကို ဖတ်ဖူးမှတ်ဖူးကြမှာ အမှန်ပါပဲ။ သို့သော်လည်း ဒုတိယလှိုင်းကပ်ဘေးစတင် ဖြစ်ပွားရာမြို့မှာ နေထိုင်ခဲ့တဲ့ အတွေ့အကြုံတွေအရပြန်လည်စုစည်းထားတာမို့ ကျင့်သုံးသင့်ပါတယ်။ လက်တွေ့ကျပြီး ကျင့်သုံးရလွယ်တာမို့ ဖော်ပြပေးလိုက်ပါတယ်။


  • အာဟာရပြည့်ဝအောင်စားပြီး ကိုယ်ခံအားစနစ်ကိုမွေးမြူထားပါ။

  • အိပ်ရေးဝဝအိပ်ပါ။

  • အဝတ် Mask လုံးဝမတပ်ပါနဲ့။ အဝတ် Maskဟာ ဗိုင်းရပ်စ်ကိုမကာကွယ်ပေးနိုင်ပါ။ Surgical Mask သာတပ်ပါ။

  • မလိုအပ်ဘဲ အပြင်လုံးဝမထွက်ပါနဲ့။

  • မဖြစ်မနေထွက်ရန်လိုအပ်လာပါက


၁)Surgical mask တပ်ပါ။

၂) Face shield တပ်ပါ၊

၃) တပ်ပြီး လက်နဲ့လုံးဝပြန်မထိပါနဲ့တော့။

၄) မေးစေ့မှာလည်းမချိတ်ပါနဲ့။ လုံးဝပြန်မချွတ်ပါနဲ့။ တပ်ထားစဉ်

လက်နဲ့ရှေ့မျက်နှာပြင်ကိုမထိမကိုင်ပါနဲ့။

၅) ဖြစ်နိုင်လျှင်ဆိုင်ကယ်၊ စက်ဘီးတို့ နဲ့ပဲသွားပါ။

၆) ဘတ်စ်လုံးဝမစီးပါနဲ့။ မဖြစ်မနေဝေးလံမှသာစီးပါ။

၇) လမ်းမှာ လူတိုင်းနဲ့ ၆ ပေအကွာနေပါ။

၈) စျေးဆိုင်မှာပြုံတိုးမဝယ်ပါနဲ့။

၉) Mask တပ်ထားလည်း ၆ ပေအကွာက လိုကိုလိုပါတယ်။

၁၀) မဝယ်ခင်ထဲကသေချာစာရင်းလုပ်ပြီး ဆိုင်ရောက်တာနဲ့စာရွက်ပေး မြန်မြန်ဝယ်ပါ။

၁၁) လှေကားလက်ရန်းတွေကိုမထိပါနဲ့

၁၂) ​ ပြန်ရောက်တာနဲ့ ရေချိုးခန်းထဲတန်းဝင် လက်ဆေး၊ ခြေထောက်ဆေး၊ ပြီးရင် Face shield

ချွတ်၊ ဆပ်ပြာရည်ထဲထည့်ပါ။

၁၃) ပါလာတဲ့ပစ္စည်း နဲ့ ပိုက်ဆံကို အိမ်အဝင်ဝ ပုံးတစ်ခုထားပြီး ပုံးထဲထည့်ပြီးမှဝင်ပါ။

၁၄) ပြီးလျှင် Mask ကိုကြိုးစကကိုင်ချွတ်ပြီး အမှိုက်ပုံးထဲ ချက်ချင်းပစ်ပါ။

၁၅) လက်တစ်ခေါက်ထပ်ဆေးပါ။

၁၆) အဝတ်အစားအကုန်ချွတ်၍ ဆပ်ပြာပုံးထဲစိမ်ပါ။

၁၇) ဆပ်ပြာမှုန့် အမြုတ်ထနေပါစေ

၁၈) ရေချိုး၊ ခေါင်းပါလျှော်ပါ။ ဆံပင်ကိုလည်း ဗိုင်းရပ်စ်ကပ်ပါတယ်။

၁၉) တစ်ခုခု ချွတ်ပြီးတိုင်းလက်ကို ပြန်ပြန်ဆေးပါ။

၂၀) ပုံးထဲက ပိုက်ဆံနဲ့ ပစ္စည်းတွေကိုကိုင်ဖို့ Mask ပြန်တပ်၊ လက်အိတ်ရှိရင်လက်အိတ်စွတ်ပါ။

မရှိလည်းရပါတယ်။

၂၁) ပိုက်ဆံတွေကို အရက်ပြန်နဲ့ဖျန်းပါ။ ဆံပင်ဖျန်းတဲ့ဘူး၊ မီးပူတိုက်ရင်ဖျန်းတဲ့ဘူးနဲ့ ဖျန်းရင်

အဆင်ပြေပါတယ်။

၂၂) ပြီးရင် ပလတ်စတစ်တွေအကုန်ချွတ်လွှင့်ပစ်ပါ။ ဘာကိုမှ နှမြောပြီးမသိမ်းပါနဲ့။

၂၃) ကိုယ်ယူမယ့်ပစ္စည်းကို အရက်ပြန်ဖျန်းပါ။ အစားအသောက်ကျက်ပြီးသားဆိုမဖျန်းရပါ။

၂၄) အသီး အသားကို ရေ၊ ဆပ်ပြာနဲ့ သေချာဆေး၍ သေချာကျက်အောင် ချက်ပါ။

၂၅)  မိမိအဲ့သလိုလုပ်နေချိန်ဘေးမှာဘယ်သူမှမရှိပါစေနဲ့။

၂၆) အပြင်ထွက်လို့ဖုန်းပါသွားခဲ့ရင် ဖုန်းကိုလည်း အရက်ပြန်ဖျန်း၊ တစ်သျှူးနဲ့သုတ်ပါ။

သုံးပြီးသားတစ်သျှူးကိုလွှင့်ပစ်ပါ။

၂၇) အားလုံးပြီးရင်လက်ကိုသေချာဆေး Mask ချွတ်ပြီး နောက်တစ်ကြိမ်ထပ်ပြီး လက်ဆေးပါ။

၂၈) အဓိက ကတော့ အပြင် ခဏခဏ မထွက်ပါနဲ့။

၂၉) မုန့်သရေစာသည်အဓိကမကျတာမို့ မုန့်ဝယ်ဖို့အကြောင်းအရာတစ်ခုတည်းကြောင့်နဲ့

အပြင်မထွက်ပါနဲ့။

၃၀) အာဟာရပြည့်ဝတဲ့အစားအစာသုံးနပ်နဲ့တင် လုံလောက်ပါတယ်။

၃၁) ထွက်တဲ့အခါမိသားစုတစ်ခုမှ တစ်ဉီးတည်းကဒိုင်ခံထွက်ပါ။ သွက်သွက်

လက်လက်နဲ့စိတ်ချရတဲ့ လူငယ်ဆိုပိုကောင်းပါတယ်။ အပြင်မှာရှိနေချိန်ကို

အတတ်နိုင်ဆုံးလျှော့ချဖို့ပါ။

  • တိုက်ခန်းနေသူဖြစ်လျှင် အခြားအခန်းတွေကိုမကူးပါနဲ့။ ဘယ်လောက်ခင်မင်နေပါစေ။ မိသားစုပင်ဖြစ်နေပါစေ။ လုံးဝမရော‌ထွေးပါနဲ့။ ထိစပ်မှုကို တတ်နိုင်သမျှ လျှော့ချပါ။

  • လက္ခဏာဟာ ရာသီတုပ်ကွေးလက္ခဏာနဲ့ ပုံစံတူတဲ့အတွက် ဖျားနာသူရှိလာပါက COVID-19 မဟုတ်လောက်ပါဘူးဆိုပြီးလျှော့မတွက်ပါနဲ့။ ဟုတ်သွားလို့ Primary contact ထိသွားတဲ့လူတွေအများကြီးပါ။ နှစ်ဖက်လုံး Mask တပ်ပါ။ ဖြစ်နိုင်ရင်ဝေးနေပါ။ အနံ့အရသာမပျောက်လို့ COVID-19 မဟုတ်ဘူးလို့မထင်လိုက်ပါနဲ့။ အနံ့အရသာကဖြစ်ဖြစ်ခြင်းမပျောက်ပါဘူး။

  • စျေးသွားတဲ့ အကြိမ်‌ရေကိုအတတ်နိုင်ဆုံးလျှော့ချပါ။ ဒုတိယလှိုင်းစဖြစ်ရာရခိုင်ပြည်မှာ စျေးတွေကစခဲ့တာပါ။ တတ်နိုင်သူဆိုပါက Online Shop တွေကနေဝယ်ယူပါ။ ဟင်းချက်စရာအသားစိမ်း၊ ငါးစိမ်း၊ အသီးအရွက်တွေကအစရောင်းတဲ့ Online Shop တွေရှိပါတယ်။ Lock Down လုပ်တော့မယ်စတဲ့ ကောလဟာလတွေကြောင့် အတင်းကာရော ပစ္စည်းများဝယ်ယူခြင်း (Panic Buying) မပြုလုပ်ပါနဲ့။

  • မိမိမြို့နယ်အလိုက်သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီသိနိုင်ဖို့ Pageတွေ Group တွေကို ထားပါ။ (ဉပမာ လှိုင်မြို့နယ်ဆို လှိုင်ဟစ်တိုင်စသဖြင့်)


ဖြစ်နိုင်ပါက အပြင်ထွက်ရသူနှင့် အပြင်ထွက်စရာမလိုတဲ့ လူကြီး၊ ကလေးငယ် များကိုခွဲထားပါ။ ဤအချိန်ဟာတဒင်္ဂလေးပါပဲ။ ဒီအချက်ဟာမိသားစုအခြေအနေပေါ်မှာမူတည်နိုင်တာမို့ အတင်းမတိုက်တွန်းလိုပါ။

အချုပ်ဆိုရသော် ကျွန်မတို့က ကပ်ရောဂါကြီးထက်  ခြေတစ်လှမ်းဦးနေဖို့ လိုပါလိမ့်မယ်။ ကူးစက်သွားကာမှနောင်တရနေလို့မရပါဘူး။ အဘက်ဘက်က  နည်းစနစ်ကျစွာ ပိတ်ကာနိုင်မှတော်ကာကျတာမို့ လက်တွေ့ကျတဲ့ နည်းလမ်းလေးတွေကိုထပ်မံ သတိပေး ဖော်ပြပေးလိုက်ရပါတယ်။

ကပ်ရောဂါဆိုးကြီး အမြန်ဆုံးပြီးဆုံးဖို့မျှော်လင့်ရင်း…..

ရေးသားသူ- ဒေါက်တာမှူးခင်

 


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013