DVB Logo
Home
မြန်မာသတင်း
ကနီမြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး ပထမဆုံးတွေ့ရှိ
DVB
·
September 26, 2020
ကနီမြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦး ပထမဆုံးတွေ့ရှိ
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ယောက် ပထမဆုံး တွေ့ရှိခဲ့တယ်လို့ ကနီပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝေမာနွယ်က ပြောပါတယ်။

အသက် ၂၅ နှစ်နဲ့ ၁၉ နှစ်အရွယ် အမျိုးသား ၂ ယောက်ဟာ ပိုးတွေ့ ဖောင်းပြင်လူနာနဲ့အတူ စက်တင်ဘာ ၁၉ ရက်နေ့က ရန်ကုန်ကနေ ကားနဲ့ အတူပြန်လာခဲ့တာကြောင့် ဆင်အိုကျေးရွာမှာ Quarantine ထားရှိကာ ဓာတ်ခွဲနမူနာစစ်ဆေးရာမှ ရောဂါပိုးတွေ့ခဲ့တာပါ။

ဒေါက်တာဝေမာနွယ်က “ဆင်အိုရွာ စာသင်‌ကျောင်းမှာ CBFQ ထားရှိတဲ့လူနာပါ။ စက်တင်ဘာ ၂၅ ရက်နေ့ အာခေါင်တို့ဖတ်၊ နှာခေါင်တို့ဖတ်ယူပြီး မန္တလေးဆေးရုံပို့ထားတဲ့ ကွာရန်တင်းဝင်နေသူ နှစ်ဦးထဲကနေ ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိတယ်” လို့  ပြောပါတယ်။ 

ပိုးတွေ့လူနာ ၂ ယောက်ကို ဆေးကုသမှုခံယူဖို့ ကနီပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

ပိုးတွေ့လူနာ ၂ ယောက်ဟာ ရန်ကုန်က ပြန်လာပြီးနောက် Quarantine ဝင်နေတာကြောင့် တခြားသူတွေနဲ့တော့ ထိတွေ့မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ကနီမြို့နယ်မှာ Facility Quarantine နဲ့ Hotel Quarantine ဝင်နေသူ ၄၇၃ ဦးရှိတယ်လို့ ကနီမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းကပြောပါတယ်။ 

သတင်း - ကျော်မင်းသန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013