DVB Logo
Home
မြန်မာသတင်း
သံတွဲမြို့ တည်ငြိမ်စပြု
DVB
·
July 3, 2013
Donate to DVB

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်တဲ့ တတိမြောက်ရက်မှာ ရဲတပ်ဖွဲ့က လုံခြုံရေး ပိုမိုတင်းကျပ်လိုက်ပြီးတဲ့နောက် အခြေအနေ တည်ငြိမ်စပြုလာတယ်လို့ မြို့ခံတွေနဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အခြေအနေတည်ငြိမ်စပြုနေပြီး   မီးရှို့ဖျက်ဆီးသူတွေကို ဖမ်းဆီးစစ်မေးဖို့အတွက် လိုက်လံစုံစမ်းနေတယ်လို့ သံတွဲမြို့နယ် ရဲစခန်းက ပြောဆပါတယ်။

သံတွဲမြို့ အကြမ်းဖက်မီးရှို့မှုနဲ့ပတ်သက်လို့ ရဲက တစုံတဦးကိုမှ ဖမ်းဆီးအရေးယူထားခြင်း မရှိတဲ့အပေါ်လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။

ဇွန် ၃၀ ရက်နေ့ညက စတင်တဲ့အကြမ်းဖက်မီးရှို့မှုကြောင့် ညမထွက်ရအမိန့် ချက်ချင်း ထုတ်ပြန်ခဲ့ပေမယ့် နောက်နေ့ညမှာလည်း တားမြစ်တဲ့အကြားက မြို့တွင်းမှာ လူအုပ်စုလိုက်ကားတွေနဲ့ လှည့်လည်ခဲ့သလို အိမ်တလုံးလည်း မီးရှို့ခံခဲ့ရပါတယ်။ဇူလိုင် ၂ ရက်နေ့ညကတော့ မီးရှို့မယ်ဆိုတဲ့ ကောလာဟလထွက်ခဲ့ပါသေးတယ်။

သံတွဲမြို့မှာ ရခိုင်ပြည်နယ်အစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းကိုယ်တိုင် ရောက်ရှိကိုင်တွယ်နေပါတယ်။

မနေ့ကတော့  ရဲတပ်ဖွဲ့ဝင်နှစ်ဦးက အမှတ် (၃) ရပ်ကွက်မှာ မွတ်စလင်စာရင်းကို လ၀ကထံ သွားရောက်တောင်းယူကြောင်းနဲ့ ဒီဆောင်ရွက်ချက်ကြောင့် မွတ်စလင်တွေက စိုးရိမ်ကြပေမယ့် ဒါဟာ သက်ဆိုင်ရာက မွတ်စလင်တွေအတွက် လုံခြုံရေးယူပေးဖို့ စီစဉ်ဆောင်ရွက်တာလို့ သိရကြောင်း မြို့ခံက ပြောပါတယ်။

ကျောင်းတက်ရောက်သူ ဦးရေနည်းနေဆဲဖြစ်ပြီး ဈေးကလည်း ပုံမှန်အတိုင်း ပြန်မစည်ကားသေးဘူးလို့ နယ်မြေခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
မီးဘေးသင့်သူတွေနဲ့ အိမ်ဖျက်ခံနေရသူတွေကလည်း နီးစပ်ရာ ဆွေမျိုးမိတ်ဆွေတွေထံမှာ ခိုလှုံနေကြပြီး သက်ဆိုင်ရာဆီကနေ အကူညီလိုအပ်နေတယ်လို့လည်း ဆိုပါတယ်၊

အစိုးရဘက်က ပျက်စီးဆုံးရှုံးမှု အရေအတွက်စာရင်း မထုတ်ပြန်သေးပေမယ့် လွန်ခဲ့တဲ့ရက်ပိုင်းက အကြမ်းဖက်မီးရှို့မှုတွေကြောင့် အိမ် ၁၀ လုံးမီးလောင်ကျွမ်းပြီး ၁၀ လုံး ဖျက်ဆီးခံရတယ်လို့ နယ်မြေခံတွေအဆိုအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013