DVB Logo
Home
မြန်မာသတင်း
ဝက်လက်မြို့နယ်၊ ဆားတောင်နီရွာက ကွာရန်တင်းဝင်နေသူများ အကူအညီလိုအပ်နေ
DVB
·
September 25, 2020
ဝက်လက်မြို့နယ်၊ ဆားတောင်နီရွာက ကွာရန်တင်းဝင်နေသူများ အကူအညီလိုအပ်နေ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆားတောင်နီကျေးရွာက မိသားစု ၆ စုဟာ ပိုးတွေ့လူနာနဲ့ထိတွေ့ခဲ့လို့ ကျေးရွာစာသင်ကျောင်းမှာ ကွာရန်တင်းဝင်နေကြရာမှာ ထောက်ပံ့ကူညီမှုတွေ မရရှိတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဆားတောင်နီကျေးရွာကို အမရပူရက ကိုဗစ်-၁၉ အတည်ပြုလူနာ တစ်ဦး  လာရောက်ခဲ့လို့  လူနာနဲ့ ထိတွေ့ခဲ့တဲ့ ရွာက မိသားစု ၆ စု လူဦးရေ ၂၉ ဦး ပြီးခဲ့တဲ့ ၁၀ ရက် လောက်ကစပြီး ကွာရန်တင်း ဝင်နေရတာဖြစ်ပါတယ်။

ဆားတောင်နီကျေးရွာ ရွာခွဲတာဝန်ခံ ဦးရဲမြင့်က “မြို့နယ်အဖွဲအစည်းတွေကလည်း ဘာတခုမှ ပံ့ပိုးတာကမရှိ။ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းလာပေးသွားလို့ Mask တစ်ဘူးစီ ပဲရကြတာ။ နောက်ထပ်လာလည်း မလာဘူး ညွှန်ကြားတာလည်းမရှိဘူး။ ခက်ခဲတာပေါ့ သောက်ရေကစပြီး ခက်ခဲတာ။ ကွာရင်တင်းဝင်နေသူတွေကလည်း မိသားစုလိုက်ဆိုတော့ ကျန်ခဲ့တဲ့နွား‌တွေ ငှားကျောင်းရတာက တမျိုး၊ စားဝတ်နေရေးကတဖုံ အခုချိန်က ယာလုပ်ငန်းတွေ လုပ်ကိုင်နေကြရတာ၊ အလုပ်ပျက်အကိုင်ပျက်ဆိုတော့ ကုန်ကျစရိတ်တွေများပြီး ခက်ခဲနေကြတာ အစားအသောက်ဆိုတာထက်ကျန်းမာရေးသုံးပစ္စည်းလေးနဲ့ သောက်ရေအခက်အခဲလေး အကူအညီ ရရင်တော့ကောင်းတာပေါ့”လို့ ပြောပါတယ်။

အဆိုပါမိသားစု ၆ စုရဲ့ ကျန်ခဲ့တဲ့အိမ်တွေကို စောင့်ရှောက်ပေးနေရသလို သူတို့ရဲ့နွားတွေကိုလည်း အငှားကျောင်း ခိုင်းထားရတယ်လို့ ကျေးရွာ တာဝန်ခံက ပြောပါတယ်။ 

ကွာရန်တင်းဝင်နေတဲ့ ရွာသားတွေရဲ့ ဓာတ်ခွဲနမူနာယူပြီးစစ်ရာမှာတော့ ရောဂါ ပိုးမရှိဘူး လို့ အဖြေသိရပါတယ်။ 

အရင်တုန်းက ရွာမှာ ကွာရန်တင်းဝင်ရာမယ့်ရွာသားတွေရှိရင်  ဝက်လက်မြို့က အထက်တန်းကျောင်းမှာဖွင့်လှစ်ထားတဲ့ မြို့နယ် Facility Quarantine စင်တာ မှာဝင်ရတာဖြစ်ပြီး အဲဒီစင်တာဟာ ကျောင်းတွေ ပြန်ဖွင့်ခါနီး ပြီးခဲ့တဲ့မေလကတည်းက  ပညာရေးဌာနထံ ပြန် အပ်နှံခဲ့တာဖြစ်ပါတယ်။ 

အခု ဒုတိယလှိုင်းကာလ မှာ ကိုဗစ်-၁၉ ကူးစက်သူဦးရေ များပြားလာချိန်မှာ ပညာရေးဝန်ကြီးဌာနက အထက ကျောင်းကို ပြန်လည်အသုံးပြုခွင်ပေးထားပေမဲ့ ကွာရင်တင်း စင်တာအဖြစ် ပြုလုပ်ခြင်း မရှိသေးပါဘူး။ 

မြို့နယ်အတွင်းရှိ ရွာသူ ရွာသားတွေအနေနဲ့ ကွာရန်တင်းဝင်ဖို့ လိုအပ်ပါက  မိမိကျေးရွာရှိ ကွာရန်းတင်စင်တာမှာပဲ ထားကြရတာဖြစ်လို့ ထိန်းသိမ်းမှုခက်ခဲနေရသလို အစိုးရရဲ့ ထောက်ပံ့မှု အကူအညီလည်း လိုအပ်နေကြတာ ဖြစ်ပါတယ်။

ကိုဗစ်ကော်မတီဝင်လည်းဖြစ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးစိုးဝင်းထွန်းက “ကွာရင်တင်းဝင်နေသူ ဦးရေကတော့ ၄၀၀ ကျော်လောက်ရှိလိမ့်မယ်။ ကွာရင်တင်းစင်တာပေါင်း ဘယ်လောက်ရှိတယ်တော့ မသိသေးပါဘူး။ ကိုဗစ်ကော်မတီ အစည်းအဝေးလည်း မလုပ်ရသေးတော့ ဘာမှမသိပါဘူး။ အခြားကွာရန်တင်းစင်တာတွေအတွက် ထောက်ပံ့ဖို့ အစီအစဉ် မရှိဘူး” လို့ ပြောပါတယ်။

ဝက်လက်မြို့နယ်အတွင်း မေလတုန်းကတော့  ကွာရန်တးစင်တာပေါင်း ၆၄ ခုအထိရှိခဲ့ပြီး၊ မေလနောက်ပိုင်း ကိုဗစ်ကော်မတီက ထုတ်ပြန်ချက်တစုံတရာမရှိတော့တဲ့အတွက် ကွာရန်တင်းစင်တာ အရေအတွက်လည်း မသိရသလို အခက်အခဲတွေရှိနေတဲ့ ကျေးရွာ ကွာရန်တင်းစင်တာတွေကိစ္စ လွှတ်တော်ကိုယ်စားလှယ်တွေကို  မေးမြန်းခဲ့ရာမှာ  အခက်အခဲဖြစ်နေတဲ့ရွာ မရှိဘူးလို့ ပြန်လည်ဖြေဆို ကြပါတယ်။

သတင်း - အောင်စံလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013