DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသား ၃ ဦးထံမှ ဘတ်သန်း ၁၀၀ နီးပါး တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
DVB
·
July 3, 2013
မြန်မာနိုင်ငံသား ၃ ဦးထံမှ ဘတ်သန်း ၁၀၀ နီးပါး တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ မြန်မာနိုင်ငံသား ၃ ဦးဆီက တန်ဖိုး ထိုင်းဘတ်ငွေ သန်း ၁၀၀ လောက်ရှိတဲ့ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ ချင်းရိုင်းခရိုင် ရဲတပ်ဖွဲ့က ဒီနေ့မနက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားကြောင်း ထိုင်းနိုင်ငံ ဒေးလီးနယူးသတင်းမှာ ဖော်ပြထားပါတယ်။

[caption id="attachment_41232" align="alignright" width="300" caption="(ဓာတ်ပုံ - dailynews)"][/caption]

ချင်းရိုင်းခရိုင် မူးယစ်ရဲတပ်ဖွဲ့နဲ့ ရာဇ၀တ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့တွေဟာ နယ်စပ်တလျှောက်နဲ့ ခရိုင်ထဲမှာရှိတဲ့ မြို့နယ်တိုင်းကို အဖွဲ့ခွဲပြီး သတင်းရထားတဲ့နေရာ၊ မသင်္ကာဘွယ်နေရာတွေက ရာဇ၀တ်မှုတွေ၊ အထူးသဖြင့် မူးယစ်ဆေးဝါး လက်လီလက်ကား ရောင်းဝယ်ဖြန့်ဖြူးသူတွေ၊ သုံးစွဲသူတွေနဲ့ လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်သူတွေကို ၀င်စစ်ဆေးရာမှာ မြန်မာဘက်ကနေ ၀င်လာတဲ့ ဘိန်းဖြူကို ဖမ်းဆီးမိခဲ့တာလို့ ချင်းရိုင်းခရိုင် အမှတ် ၅ ရဲတပ်ဖွဲ့ ဒု-ညွှန်မှူး ရဲမှူးကြီး နိုင်ချမ်းနန်း လုတ်လျိုးက ပြောပါတယ်။

မြန်မာနိုင်ငံသားတွေ ဖြစ်တဲ့ ဒေါ်ဆွေ အသက် ၂၈  နှစ်၊ ဦးကျာရိန် အသက် ၃၀၊ ကိုလောဝင်း အသက် ၁၆  နှစ်တို့ ၃ ဦး ပိုင်ဆိုင်တဲ့ ခရီးဆောင်လက်ဆွဲအိတ်တွေထဲကနေ ဘိန်းဖြူ အလေးချိန် စုစုပေါင်း ၈ ဒဿမ ၉ ကီလိုဂရမ်ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

မသင်္ကာဖွယ် သူတို့ ၃ ဦးကို တက္ကစီမောင်းသမားတဦးရဲ့ သတင်းပေးချက်အရ မဲဆိုင်မြို့နယ် ၀ိန်းဖန်ခမ်းရပ်ကွက် နယ်မြေ ၈ ထဲမှာရှိတဲ့ ဖတ်ချရားဖွန်း ဟိုတယ်မှာ ဇူလိုင် ၂ ရက်နေ့က ၀င်ရောက်တည်းခိုစဉ် ဖမ်းဆီးရမိခဲ့တာလို့ ရဲမှူးကြီးက ပြောပါတယ်။

မြန်မာနိုင်ငံသား ၃ ဦးရဲ့ ၀န်ခံထွက်ဆိုချက်အရ သူတို့ဟာ မြန်မာဘက်ခြမ်း တာချီလိတ်- မယ်ဆိုင်တံတား နိုင်ငံကူးဂိတ်ကနေ ၀င်ရောက်ခဲ့တာလို့ ဆိုပါတယ်။

မယ်ဆိုင်ဂိတ်ကနေ ဓာတ်ရောင်ခြည် စစ်ဆေးရေးကိရိယာကို ဖြတ်လာနိုင်ခဲ့တာဟာ ဘိန်းဖြူတွေကို ကာဗွန်စက္ကူနဲ့ အတွင်းက တထပ် ထုတ်ပိုးထားတဲ့အပြင် အပြင်မှာလည်း ဖလင်ပြားနဲ့ နောက်ထပ် ထုပ်ပိုးထားတဲ့အတွက် စစ်ဆေးရေးစက်က မတွေ့နိုင်ကြောင်း၊ အဲဒီ ဘိန်းဖြူတွေဟာ နယ်စပ်မှာ ကာလတန်ဖိုး ၁ ကီလိုကို ဘတ် ၈  သိန်းကနေ ၁ သန်းထိ ရှိပြီး ဘန်ကောက်အတွင်းပိုင်း ရောက်သွားရင်တော့ သန်း ၁၀၀ လောက် ဖြစ်သွားနိုင်တယ်လို့ ရဲမှူးကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013