DVB Logo
Home
မြန်မာသတင်း
မိတ်ကပ်မထက်က ကိုဗစ်-၁၉ ကျန်းမာရေးဝန်ထမ်းများအတွက် ကျပ် ၂ သိန်းလှူ
DVB
·
September 24, 2020
မိတ်ကပ်မထက်က ကိုဗစ်-၁၉ ကျန်းမာရေးဝန်ထမ်းများအတွက် ကျပ် ၂ သိန်းလှူ
Donate to DVB

       နာမည်ကြီး မိတ်ကပ်ပညာရှင်တယောက်ဖြစ်တဲ့ မထက်-PopSoul က ရန်ကုန် တိုင်းဒေသကြီးအတွင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါတိုက်ဖျက် ရေးကာလအတွင်း ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ သွားလာရေး၊ နေထိုင်ရေးနဲ့ စားသောက်ရေးကိစ္စတွေ အဆင်ပြေစေဖို့ ပံ့ပိုး ဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများအတွက် အထောက်အကူပြုအဖွဲ့သို့ ငွေ ကျပ် ၂ သိန်းလှူဒါန်းခဲ့ပါတယ်။

       လတ်တလော တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်း ကာလမှာတော့ ရန်ကုန်တိုင်းဟာ ရောဂါကူးစက်မှုအမြင့်ဆုံးအခြေအနေမှာ ရှိနေတာ ဖြစ် ပါတယ်။

       ဒါကြောင့်မို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးကာ လအတွင်း ရောဂါတိုက်ဖျက်ကုသရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးနေတဲ့ ဆရာ ဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်းတွေအတွက် နေ့စဉ် ထမင်းဟင်း ပံ့ပိုးပေးဖို့ လိုအပ် ချက်ကို ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းက တဖက် တလမ်းက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

       တနေ့စာ (မနက်၊ နေ့လယ်၊ ညစာ) သုံးနပ်စာအတွက် ငွေကျပ် ၅ဝဝဝ နှုန်းနဲ့ နေ့စဉ်ဝန်ထမ်း အယောက် ၂၀၀ နဲ့အထက် ကျွေး​​မွေးနိုင်ဖို့ စီစဉ်ထားတဲ့ Support Our Heroes အလှူမှာ ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ ဖော်ပြပါ ဘဏ်အကောင့်တွေက တဆင့် ထည့်ဝင်လှူဒါန်းနိုင်ကြောင်းလည်း နှိုးဆော်ထားပါတယ်။

Yangon Region Young Entrepreneurs Association Incorporated

Account No -

AYA Saving 0031205010167691

KBZ 23950323900551401

CB Bank 0096600200000377

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013