DVB Logo
Home
မြန်မာသတင်း
ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦး ပထမဆုံးတွေ့ရှိ
DVB
·
September 24, 2020
ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦး ပထမဆုံးတွေ့ရှိ
Donate to DVB

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄ ဦး ပထမဆုံး တွေ့ရှိခဲ့ပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ညတွင်းချင်းပို့ဆောင်လိုက်တယ်လို့ မြို့နယ်တာဝန်ရှိသူတဦးက ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၃ ရက်နေ့ ည ၈ နာရီသတင်း ထုတ်ပြန်ချက်အရ မွန်ပြည်နယ်မှာ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃ ဦး တွေ့ရှိခဲ့ပြီး ပေါင်မြို့နယ်က လူနာ ၄ ဦး ပါဝင်ခဲ့တာပါ။

ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းမှာ Quarantine ၀င်ရောက်နေတဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို စိတ္တသုခလူမှုကူညီရေးအသင်းပိုင်ကားနဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ညတွင်းချင်း ပို့ဆောင်ပေးခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီဓာတ်ခွဲအတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တဲ့သူတွေအားလုံးကို စုံစမ်းဖော်ထုတ်ကာ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမှာဖြစ်ပြီး လူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေ အုပ်ချုပ်ရေးနဲ့ ကျန်းမာရေးဌာနကို အမြန်ဆုံးဆက်သွယ်အကြောင်းကြားဖို့  မြို့နယ်တာဝန်ရှိသူတဦးက ပြောပါတယ်။

မွန်ပြည်နယ်မှာ စက်တင်ဘာ ၂၃ ရက် ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇၃ ဦး အထိရှိလာပြီး မော်လမြိုင်မြို့နယ်က ၁၀၆ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

သတင်း-ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013