DVB Logo
Home
မြန်မာသတင်း
ရခိုင်အရေးအခင်းအတွင်း အာဏာပိုင်များ စစ်ဆေးစဉ် တရားခံ ၁၂ ဦး သေဆုံး
DVB
·
July 3, 2013
ရခိုင်အရေးအခင်းအတွင်း အာဏာပိုင်များ စစ်ဆေးစဉ် တရားခံ ၁၂ ဦး သေဆုံး
Donate to DVB

ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခု ဇွန်လဆန်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေအတွင်း အာဏာပိုင်တွေ ဖမ်းဆီးခံရပြီးနောက် အမှုစစ်ဆေးစဉ် ကာလအတွင်း တရားခံ ၁၂ ဦး သေဆုံးခဲ့ပြီး တရားခံပြေး ၃၇ ဦးကိုတော့ အရေးယူနိုင်ဖို့ ရှာဖွေဖမ်းဆီးနေတယ်လို့ အစိုးရက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

[caption id="attachment_32779" align="alignright" width="300" caption="ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် အကြမ်းဖက်မီးရှို့မှု ဖြစ်ပွားခဲ့စဉ်"][/caption]

ဒီတရားခံတွေ အမှုစစ်ဆေးစဉ်ကာလ ဘယ်လို ပြုမူခံရတယ်၊ ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ မရှိ၊ ဘယ်လို အကြောင်းအချက်တွေကြောင့် သေဆုံးသွားရတယ် စတာတွေကို သတင်း ထုတ်ပြန်ပေးသင့်တယ်လို့ လူ့အခွင့်အရေး ပညာပေးသူ ဦးအောင်မျိုးမင်းက ဒီဗွီဘီကို ပြောပါတယ်။

ဒီအချက်အလက်တွေကို သိရမှ အမှုစစ်ဆေးနေစဉ် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း ရှိ၊ မရှိ သုံးသပ်နိုင်မယ်လို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် အစိုးရ သတင်းထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်အတွင်း ဆူပူအကြမ်းဖက်မှုတွေကြောင့် ၂၁၁ ဦး သေဆုံးပြီး ၂၇၀ ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပါဝင်ကျူးလွန်သူတွေကို အမှု ၂၇၉ မှုနဲ့ တရားစွဲတင်ထားပြီး တရားခံ ၁၁၈၉ ဦးနဲ့ တူးမီးလက်နက် ၉၇၇ လက်ကိုလည်း ဖော်ထုတ်အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအမှုတွေထဲက ၁၉၅ မှုနဲ့ တရားခံ ၅၀၇ ဦးကို ပြစ်ဒဏ် ချမှတ်နိုင်ခဲ့ပြီး အမှု ၂၁ မှုမှ တရားခံ တရားခံ ၈ ဦးကို အမှု ပိတ်သိမ်းခဲ့ကြောင်း၊ အမှု ၆၃ မှုမှ တရားခံ ၆၆၂ ဦးကို စစ်ဆေးနေဆဲပဲလို့ ဆိုပါတယ်။

ပြစ်ဒဏ်ကျခံခဲ့ရတဲ့ ၅၀၇ ဦးထဲက ၉၀ မှာ ပြစ်ဒဏ်ကနေ လွတ်ခဲ့ပြီး ဖြစ်ကြောင်းနဲ့ ၄၀၇ ဦး ပြစ်ဒဏ် ကျခံနေရဆဲပဲလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ မှုခင်းသတင်းထုတ်ပြန်ချက်တွေမှာလည်း တရားခံလို့ ယူဆရသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးမှုတွေ ရှိခဲ့ဖူးပြီး ဒီအတွက် တာဝန်ရှိ ရဲဝန်ထမ်းတွေကို အရေးယူခဲ့တာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013